၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ (တပ်မ-၄၄) မှ နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နှင့် မကြာခဏပစ်ခတ်မှုများရှိလာပြီး ဒေသခံ စစ်ဘေးရှောင်ပြည်သူ (၁၅၈၀) ဦးအထိရှိလာပြီဟု KNU-ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြား ရေးဌာနမှ သတင်းပေးပို့သည်။ စက်တင်ဘာလ (၁၇)၊ နံနက် (၁၀) နာရီတွင် ကျောက်ဖျာကျေးနယ်၊ မဲရုံးကြီးကျေးရွာအနီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAနှင့် အာဏာသိမ်း စစ်ကောင်စီ (တပ်မ-၄၄) တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီမှ (၃) ဦးသေ၊ (၆) ဦးဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ပွဲကြောင့် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးနယ်အုပ်စု၊ မဲရုံးကြီးကျေးရွာအတွင်း ပြည်သူ ပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ကာလတန်ဖိုး (၅၉) သိန်းကျပ်ခန့်ရှိသည်ဟု... ...
၂၅ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ ( ဗဟို )၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄း၀၅ မိနစ်ခန့်အချိန်တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ ၁ ၏ ဒေသခံတပ်ဖွဲ့များသည် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် သိမ်ဇရပ်ကားလမ်းမပေါ်၌ ထိတွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ထိုပစ်ခတ်မှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ ၂၅ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ကားတစ်စီးလည်း ပျက်စီးခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။ အဆိုပါ ပစ်ခတ်တိုက်မှုအပြီးတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ စစ်ကူစစ်ထောက် လိုက်လာသောအဖွဲ့များသည် ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြပါသည်။ ထို စစ်ကောင်စီ၏တပ်များအချင်းချင်း မှားယွင်းပစ်ခတ်မှုတွင် ပြည်သူလူထု ၃ ဦးကို ထိမှန်ခဲ့သည့်အပြင် ပြည်သူလူထု၏ ကား တစ်စီးကိုလည်း ထိမှန်ပျက်စီးခဲ့ပါသည်။ထို့ပြင် ကေအဲန်ယူ - ညော... ...
၂၄ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်၏တပ်များဖြစ်သော ခလရ -၂၆၄ နှင့် ခမရ - ၂၀ မှ တပ်သားများနှင့် ဒေသခံရဲများစုပေါင်း၍ လူအင်အား ၁၇ ယောက်တို့ သည် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်မှ ( အင်းကျိုက်၊ ထမင်းရုံ၊ အောဖလား နှင့် တံတားကျိုး ) စသည့်ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ၎င်းတို့တပ်ဖွဲ့ ခိုင်းစေရန်အတွက် ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ယောက်ပေးဆောင်ရန် ဆင့်တောင်းခဲ့ပါသည်။ လူငယ်ပေးဆောင်ခြင်းမရှိဘဲ ပျက်ကွက်ပါက ကျေးရွာသူ ကျေးရွာသားများကို နှောက်ယှက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်း၌ လှုပ်ရှားနေသော နယ်ခြားစောင့်တပ် BGF တပ်ရင်း - ( ၁၀၁၃ ) မှ တပရင်းမှုး စောစိုးနိုင် ၏တပည့် စောခေါ်ချီသည် လယ်ဒေးရွာသား စောကြိုင်ဦးကို ၎င်းတို့ နေထိုင်ရာ ဖောထီးခူ စခန်း... ...
၂၃ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက် နေ့များတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဖြစ်သော ခလရ - ၆၀ လက်အောက်ခံ တပ်များသည် ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်သောကြောင့် ၂ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်း စစ်ကောင်စီ၏တပ်ဖွဲ့အကြား တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ကရင်အမျိုးသားတပ်မတော်မှ လုံခြုံရေး ယူထားသောနေရာဖြစ်သည့် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ မြေနီကုန်း နှင့် ဘုရားလေးကုန်းနေရာများ၌ ခလရ - ၆၀ လက်အောက်ခံတပ်များ လာရောက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။တိုက်ပွဲ ဖြစ်ပွားမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပေ။ အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကို အတည်ပြုဆဲဖြစ်သည်။ ယခုအချိန်တွင် ခလရ - ၆၀ ၏ တပ်များသသည် လေ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃၊ သထုံခရိုင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGFတပ်ရင်း-၁၀၁၃၊ တပ်ခွဲ(၂) တပ်စုမှူးဗိုလ်ကတုံး ဦးဆောင်သည့် အဖွဲ့သည် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ အမျိုးသမီးများနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ စုစုပေါင်း အယောက်(၃၀၀)ဦးအား စက်တင်ဘာလ(၂၀)ရက်နေ့ တပ်ချိန်းရာတွင် ပေါ်တာဆွဲ၍ စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းများအား သယ်ယူရာတွင် အတင်းအဓမ္မ ခိုင်းစေခဲ့သည်။ ပေါ်တာဆွဲကာ အဓမ္မခိုင်းစေခြင်းခံခဲ့ရသောအမျိုးသမီးများနှင့် ကလေးသူငယ်များမှာ ကုန်းရွာကျေးရွာမှ(၃၅)ဦး၊ ပျဥ်းမပင်ဆိပ်ကျေးရွာမှ(၃၀)ဦး၊ ကြသောင်းဆိပ်ကျေးရွာမှ(၆၇)ဦး၊ ကြိုးဝိုင်းကျေးရွာမှ(၁၀၀) ဦးကျော်ဖြစ်ကာ အသက်မပြည့်သေးသော ၁၈နှစ်အောက် (၁၂) ဦး ပါဝင်ကြောင်း ကေအဲန်ယူ-ဘီးလင်းသတင်းနှင့်ပြန် ကြားရေးဌာနမှပြောသည်။ "အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မခိုင်းတာ၊ အကာအကွယ်ယူတာပေါ့၊... ...
စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ဒူးပလာယာကေအဲန်ယူ- ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် ဝေါမာကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂) နှင့် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ခမရ(၄၃၂) တို့ စက်တင်ဘာလ(၂၂)ရက်နေ့ နေ့လည် (၁၁)နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်သည့် ခမရ (၄၃၂) တပ်ရင်းက အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အစုံ ယူလာကာ နို့တကောမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။"အာဏာသိမ်းစစ်အုပ်စုက ကျတော်တို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားငုတ္တိုကျေးရွာမှာ အခြေချဖို့၊ နယ်ချဲ့ဖို့ အတွက် ကျတော်တို့ဆီကို (၂)ကြိမ် တောင်းဆိုလာခဲ့တယ်။ ကျနော်တို့က သူတို့ကို လက်မခံဘူး။ အဲ့အတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်က ယနေ့တွင် အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အ... ...