စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တစ်ရက်အတွင်း အကြမ်းဖက် စကစ (၅၀) ကျော် သေဆုံးထိခိုက်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၃) ရက်ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ၏ လစဉ်ရုံးမှတ်တမ်းအရ စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၁ ခုနှစ် တွင် အကြမ်းဖက် စစ်ကောင်စီ တပ် နှင့် KNLA၊ အမှတ် (၅) တပ်မဟာ တပ်ရင်း (၁၀၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ အကြား တစ်ရက်တည်းအတွင်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားရာတွင် စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) အာဏာလုအကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၃) ဦးသေဆုံးကာ (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အတည်ပြုသိရှိရသည်။ ယင်းထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးအဆင့် (၂) ဦး ပါဝင်ကြောင်း လစဉ်မှတ်တမ်းအရသိရသည်။ ဤကဲ့သို့နယ်မြေကျူးကျော် စစ်အင်အားဖြည့်တင်းနေသည့်အပေါ် ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာဖက်မှ ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးမှု မရရှိ စေရန်နှင့် မိမိနယ်မြေအား ခုခံထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အာဏာလုအကြမ်းဖက် စစ်ကောင်စီဖက်မှ ဝန်တိုမျက်မု... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသောအုပ်ချုပ်ရေးမှူးများသည် ဒေသခံပြည်သူ တို့အပေါ်ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာ

စက်တင်ဘာလ (၂၇ )ရက်၊ ၂၀၂၁ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိကျေးရွာအချို့တို့တွင် အာဏာ သိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများမှ ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်မှု များတစ်နေ့တစ်ခြားပိုပိုများလာကြောင်းသိရသည်။ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကေအဲ်နယူ-ကျောက်ကြီးမြို့နယ်ရှိပဒဲကောအုပ်စုတွင် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသော ပဒဲကောကျေးရွာအုပ်ချုပ်ရေး မှူးစိုးမြင့်ဦးမှတုံးတံတားကျေးရွာသို့ သွားရောက် ကာ ကျေးရွာသူကျေးရွာသားများကို အစည်းအဝေးခေါ်ယူခဲ့သည်။   အဆိုပါ အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးစိုးမြင့်ဦးက ကျေးရွာသူ ကျေးရွာသားများကို  "ဧည့်စာရင်းတိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ရန်ပြောခဲ့သည်။ "ဧည့်စာရင်း တိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများမလုပ်ရင် အရေးယူ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှကျေးရွာအတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ဒေသခံများထွက်ပြေးတိမ်း ရှောင်နေရ

စက်တင်ဘာလ (၂၇) ရက်၊ ၂၀၂၁ ခုနှစ် KNU-ဗဟို စက်တင်ဘာလ (၂၆) ရက်နေ့ ညနေအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲများများမှ ကေအဲန်ယူ-ညောင် လေးပင်ခရိုင်,မုန်းမြို့နယ်,ကြောင်ပြာကျေးရွာ  အရှေ့ဘက်ခြမ်း နေရာ၌ လက်နက် ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ယင်ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီမှ ခမရ (၅၉၉), ခမရ (၅၉၀) နှင့် ခမရ (၃၄၉) ပူးပေါင်းကာ အင်အား (၂၀၀) ကျော်ခန့်တို့သည် ကေအဲန်ယူ-မုန်းမြို့နယ်, ကြောင်ပြာကျေးရွာ အရှေ့ ဘက်ရှိ နတ်တင် နေရာ တွင် လက်နက်ကြီးဖြင့် (၃) ချက်နှင့် အတူလက်နက်ငယ်များဖြင့်လည်းပစ်ခတ်ခဲ့သည်။ အဆိုပါပစ်ခတ်မှုအနီးအနားရှိကျေးရွာမှဒေသခံပြည်သူများ ကြောက်လန့်ကာ မနေရဲတော့သည့်အတွက်ဘေး လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့်သူများမှာ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာ နှင့် အနီးတစ်ဝိုက်... ...

ဆက်ဖတ်ရန်
သတင်းများ
ကျိုက်ထို မြို့နယ်အတွင်း စကစ၏ နယ်မြေကျူးကျော်လှုပ်ရှားမှုများကြောင့် KNU နှင့်ပစ်ခတ်မှု များရှိလာကာ ပြည်သူပိုင်ပစ္စည်း များစွာပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူ (၁၅၈၀) ဦးအထိရှိလာ

  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ (တပ်မ-၄၄) မှ နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နှင့် မကြာခဏပစ်ခတ်မှုများရှိလာပြီး ဒေသခံ စစ်ဘေးရှောင်ပြည်သူ (၁၅၈၀) ဦးအထိရှိလာပြီဟု KNU-ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြား ရေးဌာနမှ သတင်းပေးပို့သည်။ စက်တင်ဘာလ (၁၇)၊ နံနက် (၁၀) နာရီတွင် ကျောက်ဖျာကျေးနယ်၊ မဲရုံးကြီးကျေးရွာအနီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAနှင့် အာဏာသိမ်း စစ်ကောင်စီ (တပ်မ-၄၄) တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီမှ (၃) ဦးသေ၊ (၆) ဦးဒဏ်ရာရရှိခဲ့သည်။   ထိုတိုက်ပွဲကြောင့် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးနယ်အုပ်စု၊ မဲရုံးကြီးကျေးရွာအတွင်း ပြည်သူ ပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ကာလတန်ဖိုး (၅၉) သိန်းကျပ်ခန့်ရှိသည်ဟု... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ နှင့် တပ်မဟာ ၃ တိုက်ပွဲသတင်း

၂၅ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ ( ဗဟို )၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄း၀၅ မိနစ်ခန့်အချိန်တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ ၁ ၏ ဒေသခံတပ်ဖွဲ့များသည် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် သိမ်ဇရပ်ကားလမ်းမပေါ်၌ ထိတွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ထိုပစ်ခတ်မှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ ၂၅ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ကားတစ်စီးလည်း ပျက်စီးခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။ အဆိုပါ ပစ်ခတ်တိုက်မှုအပြီးတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ စစ်ကူစစ်ထောက် လိုက်လာသောအဖွဲ့များသည် ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြပါသည်။ ထို စစ်ကောင်စီ၏တပ်များအချင်းချင်း မှားယွင်းပစ်ခတ်မှုတွင် ပြည်သူလူထု ၃ ဦးကို ထိမှန်ခဲ့သည့်အပြင် ပြည်သူလူထု၏ ကား တစ်စီးကိုလည်း ထိမှန်ပျက်စီးခဲ့ပါသည်။ထို့ပြင် ကေအဲန်ယူ - ညော... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီတပ်များနှင့် BGF တပ်များ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ပြုလုပ်

၂၄ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်၏တပ်များဖြစ်သော ခလရ -၂၆၄ နှင့် ခမရ - ၂၀ မှ တပ်သားများနှင့် ဒေသခံရဲများစုပေါင်း၍ လူအင်အား ၁၇ ယောက်တို့ သည် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်မှ ( အင်းကျိုက်၊ ထမင်းရုံ၊ အောဖလား နှင့် တံတားကျိုး ) စသည့်ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ၎င်းတို့တပ်ဖွဲ့ ခိုင်းစေရန်အတွက် ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ယောက်ပေးဆောင်ရန် ဆင့်တောင်းခဲ့ပါသည်။ လူငယ်ပေးဆောင်ခြင်းမရှိဘဲ ပျက်ကွက်ပါက ကျေးရွာသူ ကျေးရွာသားများကို နှောက်ယှက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်း၌ လှုပ်ရှားနေသော နယ်ခြားစောင့်တပ် BGF တပ်ရင်း - ( ၁၀၁၃ ) မှ တပရင်းမှုး စောစိုးနိုင် ၏တပည့် စောခေါ်ချီသည် လယ်ဒေးရွာသား စောကြိုင်ဦးကို ၎င်းတို့ နေထိုင်ရာ ဖောထီးခူ စခန်း... ...

ဆက်ဖတ်ရန်