(၁) ကရင်အမျိုးသားများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခွင့်အရေးများကို ရရှိခံစားနိုင်ရန်။
(၂) တရားမျှတသော အကျယ်အဝန်းရှိ၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကော်သူးလေ (ခ) ကရင်ပြည်(ဝါ) ကရင်ပြည်နယ်ကို ဖွဲ့စည်းတည်ထောင်ရန်။
(၃) ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်။
(၄) ကရင်ပြည်နယ်နှင့် ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဒီမိုကရေစီအခွင့်အရေးကို အပြည့်အ၀ ရရှိခံစားနိုင်ရန်တို့ဖြစ်သည်။