စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် (Mr. Tom Sullivan) နှင့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် (Mr. Tom Sullivan) နှင့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အွန်လိုင်းဖြင့် တွေ့ဆုံခဲ့ပြီး ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံခြားရေး ဌာနမှူး ပဒိုစောတောနီးတို့မှ ထိုတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေး နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ အကြမ်းဖက် စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၄ ပထမ (၆) လတာ တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရ

ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ များအတွင်း သို့ ကျူးကျော် ဝင်ရောက် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်။ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ (၈၁) ဦးခန့်မှာ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရပြီး (၂၉၈) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။ ...

ဆက်ဖတ်ရန်
သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ (၂၀၂၄) ခုနှစ် ပထမ (၆) လအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းချုပ်

ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ (၆) လ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်း အချက်အလက်များအရ သိရသည်။၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်။

ဇန်နဝါရီလ (၂၉) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။၂၉ ရက်၊ ၁ လ၊ ၂၀၂၄ ခုနှစ်၊ မွန်းလွဲ (၂:၀၀) နာရီ ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့သည်။အဆိုပါ ဖြစ်စဥ်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi - 35P Attack Helicopter (၁) စီး နှင့် Eurocopter 365 (၁) စီးတို့အား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဥ်တွင် လိုက်ပါလာသော ဗို... ...

ဆက်ဖတ်ရန်
သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ (၂၀၂၃) ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းချုပ်

ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၈) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း − ၇၉၁ ကြိမ်(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၂၀၇၅ ကြိမ်(၃) ပြည်သူလူထုများအား လက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၄ ကြိမ်(၄) ပြည်သူလူထုများအားသေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်ခြင်း − ၂၆ ကြိမ်(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းများတွင် မိုင်းထောင်ခြင်း... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းချုပ်

ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် အတွင်း မိမိတို့၏နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (၄,၆၂၃) ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲ (၄,၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အရာရှိအရာခံအပါ အဝင် တပ်သား စုစုပေါင်း ((၅,၀၀၅) သေဆုံး ပြီး (၃,၃၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏... ...

ဆက်ဖတ်ရန်