စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သောင်ရင်းမြစ်ဘေး မူယူထာ ဒေသ တွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုတ် အား ဖမ်းဆီးရမိ

ဧပြီလ (၃၀) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၇) ရက်နေ့၊ မနက် (၇:၄၅) မိနစ် အချိန် တွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုတ်၊ ဆေးပြား ပေါင်း(၅,၅၉၀,၀၀၀) ပြား ကို မူယူထာ ဒေသ တွင် ဖမ်းဆီးရမိခဲ့သည်။
ဤဖမ်းဆီးရရှိသော မူးယစ်ဆေးဝါး အမှုနှင့် ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့ မှ တာဝန်ယူစုံစမ်းစစ်ဆေး ဖော်ထုတ်ကာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။