စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ (၂၀၂၄) ခုနှစ် ပထမ (၆) လအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းချုပ်

ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ (၆) လ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်း အချက်အလက်များအရ သိရသည်။
၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−
(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်
(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်
(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်
(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်
(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြိမ်
(၆) ပြည်သူလူထုများအား အကြောင်းမဲ့ဖမ်းဆီးခြင်း − ၂၂ ကြိမ်
(၇) ပြည်သူလူထုပိုင် ပစ္စည်ဥစ္စာများအား မီးရှို့ဖျက်ဆီးခြင်း − ၁၈ ကြိမ်
(၈) ပြည်သူလူထုများအား အတင်းအဓမ္မခိုင်းစေခြင်း − ၅ ကြိမ်
(၉) ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအား အတင်းအဓမ္မယူဆောင်ခြင်း − ၄ ကြိမ်
(၁၀) ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း − ၁ ကြိမ်
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လူအခွင့်အရေး ချိုးဖောက်မှု အမျိုးအစား (၁၀) မျိုးအား အကြိမ်ရေ (၂၃၀၃) ကြိမ်ထပ်မနည်းကျူးလွန်ခဲ့ပြီး ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ (၉၆) ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး (၁၃၄) ဦးအသက်သေဆုံးခဲ့ရကာ (၄၃၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရသည့်အပြင် ဘုရားကျောင်း (၆) ကျောင်း၊ ဘုန်းကြီးကျောင်း (၂၃) ကျောင်း၊ စာသင်ကျောင်း (၁၄) ကျောင်း၊ ဆေးပေးခန်း (၂) ခန်း၊ ဆေးရုံ (၂) လုံး၊ ပြည်သူပိုင်အဆောက်အဦး (၇၉) လုံး၊ စပါးကျီပျက်စီးမှု (၃၂) လုံး၊ စိုက်ပျိုးခြံ (၆) ခြံ၊ အိမ် (၁၀၂၄) လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ပေါ်တာအဖြစ် (၂) ဦး၊ လမ်းပြအဖြစ် (၄) ဦး နှင့် ပြည်သူ လူထု (၁) ဦးမှာ အတင်း အဓမ္မခိုင်းစေခြင်းကိုခံခဲ့ရသည်။
ထိုကဲ့သို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မတ်ထားပြီး ရည်ရွယ် ချက်ရှိရှိ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်ပြီး ပြည်သူလူထု၏ ရပိုင်ခွင့်အခွင့်အရေးများအား ကျူး လွန်နေသည့်အတွက်ကြောင့် အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ (၁,၂၄၄,၄၁၅) ဦးခန့်အထိ ရှိလာပြီဖြစ်သည်။
အထက်ဖော်ပြပါ စာရင်းအချက်အလက်များအရ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့် အရေးချိုးဖောက်မှု များသည် အာဏာစသိမ်းသည့် ၂၀၂၁ မှ ၂၀၂၃ အထိ ထိခိုက် ပျက်စီးမှုများထက် များစွာမြင့်တက်လာသည်ကို သိရှိရပြီး ဤအချက်အလက်များသည် ကောက်ခံ ရရှိသော အချက်အလက်များသာဖြစ်ပြီး ကောက်ခံ၍မရရှိသော အချက်အလက်များ လည်းကျန်ရှိနေနိုင် သေးသည့်အတွက် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှံးမှုများသည် ဖော်ပြပါစာရင်းအချက်အလက်များ ထက်များနေနိုင်သည်။