၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်ကေအဲန်ယူ-ဗဟို၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မှ စတင်၍ စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄) နယ်မြေများအတွင်း စစ်ကောင်စီတပ်များ ၏ စစ်ရေးလှုပ်ရှားမှု များကို တိုးမြှင့် လုပ်ဆောင်လာကြသဖြင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး ကို တာဝန်ယူ ပေးနေသော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်များနှင့် မကြာခဏ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ (၆)လအတွင်း အထပ်ပါ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်းများ နှင့် တိုက်ပွဲစုစုပေါင်း (၃၃၄)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ (၂၁၄) ဦး သေဆုံးပြီး (၂၄၉) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဘက်မှ (၁) ဦး သေဆုံး ပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နယ်... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်/ ကေအဲန်ယူ-ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် ခလရ-၆၀ သည် သံဘိုစခန်းမှ ထွက်လာ ပြီး မူသယ်ကားလမ်းပေါ်သို့ တက်လာချိန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၅း၀၀ နာရီ ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, တပ်ရင်း(၉) နှင့် ကျောက်ကြီး နယ်မြေ သံဘိုကျေးရွာ အနီးတွင် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ မွန်းတည့် ၁၂း၀၀ နာရီ ခန့်တွင် လည်း ဆောမီးလူ တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ် ဘက်မှ (၂၀) ဦး ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ သံဘို-မူသယ် ကားလမ်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ပြန်လည် ဖောက်လုပ်ခဲ့ပြီး နောက်ပ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက် ခံ စကခ (၈) နှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA ကရင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KNLA) မှမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီမှ ၃ ဦးသေဆုံးခဲ့သည်။ မနေ့က ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးရွာ BGF စခန်းနှင့် စကခ (၈) ပိန္နဲတော စခန်းအကြား လှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှပြောသည်။ KNLA ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ အာဏာသိမ်း စစ်ကောင်စီ စကခ (၈) ပိန္နဲတောစခန်းမှ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အီဟယ်ရွာလေးကျေးရွာတွင် နေထိုင်သူ စော... ...
၂၀/၉/၂၀၂၁ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ နှင့် KNDO တပ်ရင်း(၁)တို့အကြားတိုက်ပွဲဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ (၃၅)ဦးသေဆုံးကာ (၅၁)ဦး ဒဏ်ရာရခဲ့ပါသည်။သံလွင်မြစ်ကမ်းနား ရှိအာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးကပြောပါသည်။ KNDO တပ်ရင်း (၁)သည် နယ်မြေအတွင်းရှိမိဘပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ် ကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅၊ သထုံခရိုင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်း သို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် စက်တင်ဘာ လ(၁၄)ရက်နေ့က မြစ်ကျိုးကျေးရွာတွင် ထော်လာဂျီ (၅)စီး(ယာဉ်မောင်းအပါအဝင်)နှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ (၆)ဦးကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည်။"ထော်လာဂျီ(၅)စီးကို ရိက္ခာတင်ဖို့အတွက်ခေါ်သွားတယ်၊ ဆန်အိတ်(၁၆၆)အိတ်တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုးရွာက ရပ်မိရပ်ဖ(၆)ယောက်ကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်"ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှပြောသည်။၂၀၂၁ ခုနှစ်၊ သြဂုတ်လ၁၁ရက် နေ့ကလည်း အကြမ်းဖက်စစ်အုပ်စု (ခမရ-၄၀၆) နှင့် BGF-၁၀၁၃ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်(၃)လုံးပေါ်သို့ တက်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄၊ သထုံခရိုင် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးနယ်အုပ်စု၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီနှင့်လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့ တို့မှ (လေးကေနှင့် မြစ်ကျိုးကျေးရွာအကြား) တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံနေကြကြောင်း ကေအဲန်ယူ-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းပေးပို့သည်။ "လေးကေစခန်းကအဖွဲ့က ကြသောင်းဆိပ် BGF စခန်းနဲ့တပ်ချိန်းဖို့ စက်တင်ဘာ (၁၂) ရက်နေ့မနက် ၉ နာရီမှာ လေးကေစခန်းကစထွက်တယ် နေ့လည် ၁၂ နာရီ ၂၆ မိနစ်က လေးကေနဲ့ မြစ်ကျိုးရွာကြားမှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ 79 လောင်ချာ (၃) ချက်နဲ့သေနတ်ပစ်ဖောက်တာတွေရှိတယ် "ဟု ဘီးလင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။ တပ်ချိန်းရာတွင် စားနပ်ရိက္ခာတင်ဆောင်ရန် အရပ်သားကား (၃) စီးကိုလည်း အတင်းအဓမ္မယူတောင်းယူကာ က... ...