စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်-တပ်မဟာ(၄) ထိန်းချုပ်နယ်မြေအတွင်း ပစ်ခတ်မှု ဖြစ်ပွား

ကေအဲန်ယူ-ဗဟို၂၀၂၁ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ ထားဝယ်မြို့အနားတဝိုက်တွင် ရှိသော အာဏာသိမ်း စစ်ကောင်စီ တပ်များ ၏ စစ်ကား (၂၀) စီးကျော် ပုလောမြို့နယ် သို့ ဆင်းသွားပြီး ညအချိန်တွင် ဒူးရင်းပင်ရှောင်ကျေးရွာ သို့ ဆင်းသွားခဲ့ပါသည်။ နောက်တစ်နေ့ (၇) ရက်နေ့ နံနက် ၈းဝ၀ နာရီ ခန့်အချိန်တွင် ဒူးရင်းပင်ရှောင်ကျေးရွာ နှင့် ပိန္နဲတောင်ကျေးရွာ အကြားရှိ ဆားခဲကျေးရွာ သို့ ရောက်ရှိနေသော စစ်ကောင်စီ ၏ တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-တပ်မဟာ(၄)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၂) တို့ အကြား ပစ်ခတ်မှု (၂) ကြိမ်ဖြစ်ပွား ခဲ့သည် ဟု သိရပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ထားသည့် နယ်မြေ အတွင်းသို့ စစ်ကောင်စီ တပ်များ က ကျူးကျော် ဝင်ရောက်လာခြင်းကြောင့် ထိုသို့ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာ အနီးတဝို်က် ၏ ထိခိုက်မှုများ ကိုမှု အတိအကျ မသိရသေး သကဲ့သို့ နှစ်ဖက်တပ်ဖွဲ့များ ၏ ထိခိုက်ဒဏ်ရာ... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၁ နံၣ် လါစဲးပထ့ဘၢၣ် (၇) သီ ခ့ၣ်အဲၣ်ယူၣ် ကညီဒီကလုၥ်စၢဖှိၣ်ကရၢ တၢ်ကစီၣ်ထၢဖှိၣ်

၂၀၂၁ နံၣ်, လါစဲးပထ့ဘၢၣ် (၇)၂၀၂၁ နံၣ်, လါစဲးပထ့ဘၢၣ်ထီၣ် (၁) သီတုၤ (၇) သီအနံၤ ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ တၢ်ပၢဟီၣ်ကဝီၤ ဒ်အမ့ၢ် ဒူသထူၣ် ကီၢ်ရ့ၣ်သုးက့ (၁), မုၢ်တြီၢ်ကီၢ်ရ့ၣ် သုးက့ (၅), ဒူပျၥ်ယၥ်ကီၢ်ရ့ၣ် သုးက့ (၆) ဟီၣ်ကဝီၤပူၤ သုးမီၤစိရိၤအသုးသ့ၣ်တဖၣ် ဟူးဂဲၤဝဲ ဒုးယၤဂ့ၢ်ဝီ အတၢ်ရဲၣ်တၢ်ကျဲၤအဃိ တၢ်ဘၣ်သဂၢၢ်ခးလိၥ်သး အိၣ်ထီၣ်ဝဲလၢ ကညီဒီကလုၥ်တၢ်ထူၣ်ဖျဲးသုးမုၢ်ဒိၣ် (KNLA), ကညီဒီကလုၥ်ဂၢၤသးကရၢ (KNDO) ဒီးသုးမီၤစိရိၤ အသုးသ့ၣ်တဖၣ် အဘၢၣ်စၢၤန့ၣ်လီၤ. (၇) သီကတီၢ်ပူၤ တၢ်ဒုးအကလုၥ်ကလုၥ် ကဲထီၣ်ဝဲ (၃၅) ဘျီ ဒီး သုးမီၤစိရိၤအသုးသံဝဲ (၂၁) ဂၤဘၣ်ဒိဝဲ (၃၄) ဂၤ ဒီး သုးမီၤစိရိၤအသုးသိလ့ၣ်ဟးဂီၤဝဲ (၃) ခိၣ်န့ၣ်လီၤ.ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကီၢ်ရ့ၣ်ဒူသထူၣ် သုးက့ (၁), မီၤစကိၣ်ဟီၣ်ကဝီၤပူၤ ဖဲလါစဲးပထ့ဘၢၣ် (၁) သီအနံၤ (သဲအိမ်) သဝီကမျၢၢ်ဖိ ဒီမါ၀ၤခံဂၤ လဲၤဃုအီၣ်ညၣ် ဒီး ဟဲက့ၤလၢကျဲအခါ ဖဲမုၢ်နၤခီ (၉) နၣ်ရံၣ်ဘျ... ...

ဆက်ဖတ်ရန်
သတင်းများ
ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များက ရွာသားကို အကြောင်းပြချက်မရှိဖမ်းစီး

စက်တင်ဘာ(၆)ရက်၊ ၂၀၂၁ ခုနှစ်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအတွင်း အာဏာ စစ်ကောင်စီ (စကစ) က ရွားသားတစ်ဦးကို စက်တင်ဘာ(၅)ရက် ည(၈း၃၀)မိနစ် အချိန်တွင် ဖမ်းစီးသွားခဲ့သည်။စက်တင်ဘာ(၅)ရက်နေ့ ည(၈း၃၀)မိနစ်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ (စကစ) နှင့် နတ်သံကွင်း အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့သည် (၆)ရက်ကွပ်ရှိ စောတမလာဂေါ်(ခ)ဇင်မင်းထွန်းကို နေ့အိမ်သို့ အကြောင်းပြချက်မရှိ ဖမ်းစီးသွားခဲ့ သည်။စောတမလာဂေါ်(ခ)ဇင်မင်းထွန်းရဲ့ ဆွေမျိုးမိသားစုဝင်များက မည်သည့်ကိစ္စဖြစ်၊ မည်သည့်နေရာ ကို ဖမ်းစီးသွားသည် မသိရသဖြင့် စိုးရိမ်းပူပန်းနေကြောင်းသိရပါသည်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ၊ မူး(မုန်း)မြို့နယ် နှင့် ကျောက်ကြီးမြို့နယ် အတွင်း အာဏာသိမ်းစစ်ကောင်စီ (စကစ) နှင့် အာဏာသိမ်းစစ်ကောင်စီ  ထောက်ခံသူများပူးပေါင်းပြီး  ပြည်သူးများကို လိုက်... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီ (စကစ) ၏ ရဲတပ်ဖွဲ့ အာဏာသုံးပြီးရွာသားကို အုတ်အဖြင့်စခန်းကို ကာခိုင်း

စက်တင်ဘာ (၆)ရက် ၊ ၂၀၂၁ ခုနှစ်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဘောကထာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ (စကစ) ရဲတပ်ဖွဲ့အား စက်တင်ဘာ (၄) ရက်နေ့ နှင့် (၅) ရက်နေ့ ပြည်သူ့အပေါ်အာဏာသုံးပြီး စခန်းခြံစည်းရိုး ကာခိုင်းသည်ကို ဒေသခံတစ်ဦးထံသတင်းရရှိ ပါသည်။စက်တင်ဘာ(၄)ရက်နေ့တွင် ကုန်းမြင့်သာယာကျေးရွာအတွင်းရှိ ရဲမှူးဇင်ဟိန်းထွဋ်က ဦးဆောင်ပြီး အနီးနာရှိပြည်သူများကို အာဏာသုံးပြီးခေါ်တွေ့ကာ စခန်းကိုသံဆူးကျိုးဖြင့်ကာခိုင်းနေသည်။ထိုသံဆူးကျိုးဖြင့်ကာထားသောစခန်းကို စက်တင်ဘာ (၅) ရက်နေ့မှာ ဖြုတ်ခိုင်းပြီး အုတ်ဖြင့် အသစ် ပြန်ကာပေးခိုင်းသည်ကို အမည်မဖေါ်လို ဒေသခံတစ်ဦးထံသတင်းရရှိခဲ့သည်။လတ်တစ်လောအချိန်တွင် ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက်ဖြစ်ပွားမှာကို စိုးရိမ်သဖြင့် ဤပြုလုပ်ခြင်းကြောင့် ပြည်သူ့အတွက် ဘဝလှုံခြံမှုနှင့် လူအခွင့်အရေးကို အာဏာသိမ်းစစ်ကောင်စီ အုပ်စု(စကစ) ချိုးဖေ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု စစ်ယာဥ်တန်းအား KNLA မှမိုင်းခွဲတိုက်ခိုက်၊ ကား၂စီး ပျက်စီး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၄၊ သထုံခရိုင် လေးကေကျေးရွာ ဖက်သို့ ဦးတည်မောင်းနှင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၊ စကခ(၈) ပိန္နဲတောစခန်း စစ် ကား(၄)စီးအား ကေအဲန်ယူ-ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးနယ် အုပ်စုအတွင်း၌ KNLAမှ ဆွဲမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ကား၂စီးပျက်စီးခဲ့ပြီး တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ "မနေ့က ညနေ၃နာရီ၄၀မှာ ပိန္နဲတောက အရပ်သားကား၄စီးနဲ့ လေးကေဖက်ကို မောင်းတက်လာတယ်လို့ သတင်းရတယ်၊ ကိုယ့်နယ်မြေထဲဝင်လာတော့ ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ရမှာပဲ"ဟု KNUတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ စစ်ယာဥ်တန်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာနိုင်ရေးအတွက် စက်တင်ဘာ၃ရက်နေ့ နံနက်၈နာရီခွဲခန့်ကပင် ဝင်းတာပန် BGFစခန်းမှ စကခ(၈) လက်အောက်ခံတပ်ရင်း(၄၀၆) စစ်ကြောင်း-၂ မှူးကျော်ထွဋ်ငြိမ်းဦးဆောင်သည့် အင်အား၃၅ဦးပါအဖွဲ့နှင့် BGF-၁၀၁၄၊ တပ်ခွဲ(၃) တပ်ကြပ်... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၁ ခုနှစ် သြဂုတ်လ တစ်လတာအတွင်းတိုက်ပွဲသတင်း နှင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ လှုပ်ရှားမှုများ

၂ ရက် စက်တင်ဘာလ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် သြဂုတ်လ တစ်လတာအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများဖြစ်ကြသော ဒူးသထူခရိုင် တပ်မဟာ ၁ ၊ တောင်ငူခရိုင် တပ်မဟာ ၂ ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ၊ မူတြော်ခရိုင်တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စသည့်နယ်မြေများအတွင်း၌ အာဏာသိမ်းစစ်​ကောင်စီ ၏ စစ်တပ်တို့သည် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့နှင့် ထိတွေကာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါသည်။ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွင် ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင် ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် ( ၄ )ကြိမ် စသည့် သြဂု... ...

ဆက်ဖတ်ရန်