စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

အာဏာသိမ်းစစ်ကောင်စီနှင့် BGFပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ရက်၊ သထုံခရိုင် အာဏာသိမ်းစစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီက ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ စစ်ကောင်စီနှင့် BGFတို့ ပစ်သတ်လိုက်သောသူမှာ ကေအဲန်ယူ-တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ ဝါကောကျေး ကျေးရွာမှ မီးပုံးကျေးရွာတွင် လာရောက်နေထိုင်သူ အသက် (၅၀)နှစ်ရှိ စောမောင်တင်လင်းဖြစ်သည်ဟု KNU-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှူးကပြောသည်။ အောက်တိုဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီနှင့်BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာ အချို့ကို ရွာသားများ၏ သဘောဆ... ...

ဆက်ဖတ်ရန်
သတင်းများ
လၢ (၄) သီကတီၢ်ပူၤ သုးမီၤစိရိၤအသုးတဖၣ် မၤဘၣ်ဒိဝဲ ဟီၣ်ခိၣ်ဖိခွဲးယၥ် လၢမုၢ်တြီၢ်ကီၢ်ရ့ၣ် ဒီး ဒူသထူၣ်ကီၢ်ရ့ၣ် အဟီၣ်ကဝီၤပူၤ

၂၀၂၁ နံၣ်, လါအီးကထိဘၢၣ် ၁၁ သီ, ခ့ၣ်အဲၣ်ယူၣ်-လီၢ်ခၢၣ်သးခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, မုၢ်တြီၢ်ကီၢ်ရ့ၣ်, ဒွဲၣ်လိကီၢ်ဆၣ်, အဟီၣ်ကဝီၤပူၤ ဖဲ ၅-၁၀-၂၀၂၁ နံၤ သုးခိးကီၢ်ဆၢ (BGF-1014)သုးရ့ၣ်ခိၣ် အမံၤမီၣ်ခၠံး နဲၣ်လီၤဝဲအပှၤ စီၤဖါဒါ လၢအတီခိၣ်ရိၣ်မဲတၢ်ဖဲ မဲၤပြံးဖးဒိၣ် သုးကလၢၤပူၤ လၢကကွဲန့ၢ်လွဲန့ၢ်ဝဲ ပှၤသူၣ်ဘီၣ်သးစၢ်တဖၣ် လၢကသံၣ်မူၤဘှီးန့ၣ်လီၤ. ကသံၣ်မူၤဘှီး လၢအမ့ၢ်ကသံၣ်ကသ့ၣ်တဖၣ် သုးခိးကီၢ်ဆၢ (BGF) အပှၤ သုးဒ့ခိၣ် စီၤမီၤနံၤ ဆှၢထီၣ်ဝဲတုၤလၢ မဲၤပြံးဖးဒိၣ် သုးကလၢၤပူၤလံ န့ၣ်လီၤ.ဒွဲၣ်လိကီၢ်ဆၣ် ဟီၣ်ကဝီၤပူၤ ဖဲ ၅-၁၀-၂၀၂၁ နံၤ သုးမီၤစိရိၤအသုး စကခ (၈), ခမရ-၄၀၅, ကွဲဆူၣ်ဝဲ ၀ီၢ်ဝံၢ်လ့သဝီဖိ (၆) ဂၤ, မုၣ် (၄) ဂၤ, ခွါ (၂) ဂၤ ဒီး မၢဝဲကမျၢၢ်ဖိ ဝံန့ၢ်အတၢ်ဖိတၢ်လံၤ ဒီး ဟးဒုးနဲၣ်အီၤကျဲ န့ၣ်လီၤ. ခီဖျိသုးမီၤစိရိၤအသုးသ့ၣ်တဖၣ် သူဝဲကမျၢၢ်ဖိ လၢအဝဲသ့ၣ်တဖၣ် အဒုးယၤဂ့ၢ်ဝီ တၢ်ရဲၣ်တၢ်ကျဲၤပူၤအဃိ ဝီၢ်ဝံၢ်လ့ကမျၢၢ်ဖိ ပိၥ်မ... ...

ဆက်ဖတ်ရန်
သတင်းများ
BGF-၁၀၁၄ တပ်ရင်းမှ ကျေးရွာ(၆)ရွာအား ရွာသားများ၏ သဘောဆန္ဒမပါပဲ (၃)လသူကြီးစနစ်ဖြင့် အုပ်ချုပ်ရန် အဓမ္မညွှန်ကြား

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉ရက်၊ သထုံခရိုင် အောက်တိုဘာ (၇) ရက်နေ့လည် (၁၂) နာရီခန့်က BGF-၁၀၁၄ တပ်ရင်း လက်အောက်ခံ (BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်) မှ KNU သထုံခရိုင်၊ ဘားအံမြို့ နယ် အတွင်းရှိ ကျေးရွာ (၆) ရွာမှ ကျေးရွာခေါင်းဆောင်များကို ခေါ်ယူ၍ (၃) လသူကြီး စနစ်ဖြင့် အုပ်ချုပ်ရန် ကျေးရွာပြည်သူများ၏ သဘောဆန္ဒမပါဘဲ အဓမ္မညွှန် ကြား ခိုင်းစေခဲ့သည်။ BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်မှ ဖားကနူနှင့် မိုးဟိန်းတို့ (၂) ဦးက အဓမ္မညွှန်ကြား ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ကျေးရွာ (၆) ရွာမှာ ကေအဲန်ယူ-ဘားအံ မြို့နယ်၊ ကျုံခနကျေးနယ်အုပ်စုအတွင်းရှိ ကျုံခနကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ တံတားဦးကျေးရွာ၊ ရှောက်ကုန်းကျေးရွာ နှင့် အီးဟယ် ကျေးနယ်အုပ် စုရှိ နို့နော်ဝါးနှင့် လှိုင်းကဒက်ကျေးရွာ တို့ဖြစ်သည်။ (၃) လသူကြီးဖွဲ့စည်းခိုင်းရာတွင် အိမ်ခြေများသော ရွာကြီးများကို တစ်ရွာလျှင် (၃) ဦးဖ... ...

ဆက်ဖတ်ရန်
သတင်းများ
KNLA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီ (၁) ဦးသေ၊ (၁) ဦးဒဏ်ရာရ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးနယ်အုပ်စု၊ ရွှေလူတောင်ခြေတွင် (KNLA) ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း၁နှင့် အာဏာသိမ်းစစ်ကောင်စီ စကခ(၈)လက်အောက်ခံ (ခမရ-၄၀၉) တို့ အောက်တိုဘာ (၆) ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။  ထိုပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဖက်မှ (၁) ဦးသေကာ (၁) ဦးဒဏ်ရာရရှိခဲ့ပြီး KNLA ဖက်မှ ထိခိုက်မှုမရှိကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲမှူးမှ ပြောသည်။ အောက်တိုဘာလ (၃) ရက်နေ့ကလည်း ကေအဲန်ယူ-ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီ မောင်းနှင်လာသောကားအား KNLA ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၁)၊ တပ်ရင်း (၁) မှကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဉီးသေဆုံးပြီး... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီတို့သည် မိမိတို့ထုတ်ပြန်ထားသော ၅ လ အပစ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှု နှင့်လူအခွင့်အရေးချိုးဖောက်မှုများကိုဆက်တိုက်ပြုလုပ်သောကြောင့် KNU - KNLA/KNDO နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွား

၈ အောက်တိုဘာ ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီတို့သည် သတင်းမီဒီယာ ဌာနများတို့မှ ထုတ်ပြန် ဖော်ပြ ထားသည်မှာ ၎င်းးတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လ အပြစ်ရပ်မည် ဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီတို့သည် မိမိတို့၏ ၅ လ အပြစ်ရပ်ထုတ်ပြန်ချက်ကို မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းမရှိပေ။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိနေပါသည်။၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ ဖြစ်သော ခလရ - ၂၃၁ တို့သည် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့သဖြင့် နော်မချစ် ဆိုသူကို ထိခိုက်မှု ရှိသည့်အပြင် နွား ၃ ကောင်ကိုလည်း ထိမှန်ခဲ့... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း သတင်းအကျဥ်းချုပ်

၄ စက်တင်ဘာ ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟိုကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်သော အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များမှာ စကခ - ၈ ၊ စကခ - ၁၃ ၊ တပ်မ ၄၄ ၊ ခမရ ( ၄၀၅ ၊ ၄၀၆ ၊ ၄၀၉ ၊၂၀၇ ၊ ၂ ၊ ၃၄၉ ၊ ၅၉၀ ၊ ၅၉၈ ၊ ၅၉၉ ၊ ၄၁၄ ၊ ၅၆၁ ၊ ၅၄၉ ၊ ၄၃၂ ၊ ၅၅၇ ၊ ၄၀၇ ၊ ၄၀၁ ၊ ၄၀၄ ၊၂၉၇ ) ခလရ ( ၅၃ ၊ ၆၀ ၊ ၂၆၄ ) နှင့် နယ်ခြားစောင့်တပ် ( BGF ) မှ တပ်ရင်း (၁၀၁၁ ၊ ၁၀၁၃ ၊ ၁၀၁၄ ၊ ၁၀၁၉ ၊ ၁၀၂၁ ) စသည့်တို့ဖြစ်သည်။၂၀၂၁ ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းတွင် (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ) နှင့် (အာဏာသိမ်းစစ်ကောင်၏ လက်အောက်ခံတပ် များ နှင့် နယ်ခြားစောင့်တပ် BGF ) တို့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင် (၂၇) ကြိမ် ဖြစ်ပွားခဲ... ...

ဆက်ဖတ်ရန်