စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ပြည်သူလူထုများ ရွေးချယ်တင်မြှောက်ထာသည့် အုပ်ချုပ်ရေးမှုး များအား ကျေးရွာအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ရက်တိုသင်တန်းအား ကျင်းပပြုလုပ်ခဲ့

မေလ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ၊ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ၊ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများမှ ပြည်သူလူထုများ ရွေးချယ် တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမူးများအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လယ်ဒိုမြို့နယ် တာဝန် ရှိသူများမှ ကျေးရွာအုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ အခြေခံလမ်းစဉ် လုပ်ငန်းစဉ်နှင့် အုပ်ချုပ်ရေးနှင့် ဖွဲစည်းပုံများအား ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့မှ (၁၂) ရက်နေ့ အထိ (၃)ရက်တာ ရက်တိုသင်တန်းအားပို့ချပေးခဲ့ပါသည်။
ထိုသင်တန်းတွင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှ ကျေးရွာပေါင်း(၃၀) မှ ကျေးရွာအတွင်းရှိ တာဝန်ရှိ ရပ်မိရပ် (၄၁)ဦးခန့် တက်ရောက်ခဲ့ကြသည်။