စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မူးမြို့နယ်၌ နွေရာသီ လူငယ်စွမ်းရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့

မေလ (၆) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် အတွင်း ကေအဲန်ယူ−မူးမြို့နယ်မှ ခေါင်းဆောင်များ နှင့် ကရင်လူငယ်အစည်းအရုံး (K.Y.O) တို့မှ ပူးပေါင်း ပြီး ၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ နွေရာသီ လူငယ်စွမ်းရည်မြှင်တင်ခြင်း သင်‌တန်း အားပြုလုပ်ခဲ့သည်။
နွေရာသီလူငယ်စွမ်းရည်မြှင့်တင်ခြင်း သင်တန်းအစီအစဉ်ကို နှစ်စဉ်ပြုလုပ်လျက်ရှိပြီး Computer, English Grammer နှင့် English Speaking စသည့်ဘာသာရပ်များ ပို့ချပေးခဲ့ကာ ယခုသင်တန်းတွင်လည်း သင်တန်းသား ဦးရေ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။
လူငယ်များ၏အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန်၊ လိုအပ်နေသည့် စွမ်းရည်များကိုမြှင့်တင်ပေးခြင်းဖြင့် လူသားအရင်းမြစ်တွေကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ပြီး နွေရာသီ လူငယ်စွမ်းရည်မြှင့်တင်းခြင်း သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။