စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) ၏ (၁၀)ကြိမ်မြောက် ကွန်ဂရက် ကျင်းပပြုလုပ် ပြီးစီး

မေလ (၂) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်တွင် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) ကွန်ကရက် အား ၂၀၂၅ ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ဂရက်တွင် ဗဟို ကရင်အမျိုးသမီးအစည်းအရုံးမှခေါင်းဆောင်များ၊ ခရိုင်တာဝန်ရှိခေါင်းဆောင်များ၊ ကရင်လူငယ်အစည်း အရုံး (KYO) နှင့် ဌာနဆိုင်ရာအမျိုးသမီးကိုယ်စားလှယ်များ မြို့နယ်ကျေးရွာအုပ်စု ကရင်အမျိုးသမီး အစည်းရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဗဟို၊ ခရိုင်မှ တာဝန်ရှိခေါင်းဆောင်များက အားပေး၊ လမ်းညွှန် အမှာ စကားပြောကြားခဲ့ပါသည်။ 

ကရင်အမျိုးသမီးအစည်းအရုံး၏ (၃)  နှစ်တာလှုပ်ရှားမှုများ၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် အစီ ရင်ခံစားများကို ပြန်လည်စီစစ်သုံးသပ်အတည်ပြုခြင်း၊ ကရင်အမျိုးသမီးအစည်းအရုံး အလုပ်အမှုဆောင် ကော်မတီဝင် (၉) ဦး နှင့် အမြဲတမ်းကော်မတီဝင် (၂၅) ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြောက် ခြင်းဖြင့် ကွန်ဂရက်အား ကျင်းပပြုလုပ်ခဲ့ပါသည်။ ကွန်ဂရက်ကျင်းပပြုလုပ်ပြီးနောက် ဗဟို၊ ခရိုင်ရှိ ကရင်အမျိုးသမီးခေါင်းဆောင်များမှ ဦးဆောင်ပြီး  တက်ရောက်လာသည့် မြို့နယ်၊ ကျေးရွာအုပ်စုမှ ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင် (၅၄) ဦးအား ကရင်အမျိုးသမီးအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒ၊ ကျား/မတန်းတူရေးမှုဝါဒနှင့် မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို  (၂)ရက်တာရက်တိုသင်တန်းပေးအပ်ခဲ့ပါသည်။