စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ပိုင်ကျုံမြို့နယ် တရားရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကော်သူးလေတရားရေး သင်တန်းအား ပိုင်ကျုံမြို့နယ်တွင် ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း တရားရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကော်သူးလေတရားရေး သင်တန်းအား ကော်သူးလေ တရားရေးဆိုင်ရာလုပ်ငန်းများ အားကောင်းလာစေရန်အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၃၁ရက်နေ့ထိ ၇ ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ကရင်ဥပဒေအထောက်အကူပြုအဖွဲ့ (KLAC) ဗဟို၊ ဖားအံခရိုင်နှင့် ပိုင်ကျုံမြို့နယ် လူထုဥပဒေအထောက်အကူပြုအဖွဲ့ Community Legal Volunteer (CLV) များမှ တရားရေးပေါ်လစီများ ရှင်းလင်းမျှဝေခြင်း၊ ခရိုင်နှင့် မြို့နယ်ခေါင်းဆောင်များ ပူးပေါင်းကာ သစ်တောပေါ်လစီအားရှင်းလင်းမျှဝေခြင်း၊ကရင်လူငယ်အစည်းအရုံးပေါ်လစီအား ဆရာစောဧပြီ မှ ရှင်းလင်းမျှဝေခြင်း၊ကရင်အမျိုးသမီးအစည်းအရုံးပေါ်လစီအားမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့မှ ရှင်းလင်းမျှဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံအား ပဒိုစောဆာပုလဲ D1 နှင့် ပဒိုစောပုလူတို့မှ ပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ သင်တန်းသား(၂၇) ဦး တက်ရောက်သင်ကြားခဲ့ပြီး ကေအဲန်ယူ- ပိုင်ကျုံမြို့နယ် တာဝန်ရှိခေါင်းဆောင်များ၊ဌာနဆိုင်ရာ ခေါင်းဆောင်များနှင့် ကျေးနယ်တာဝန်ရှိသူများ တို့တက်ရောက်အားပေးခဲ့သည်။