စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်၌ (၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနား၊ ရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားနှင့် ယခင် ကရင်လူငယ်အစည်းအရုံး (K.Y.O) တွင် တာဝန် ထမ်းဆောင် ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်းအခမ်းအနားတို့အား ကျင်းပပြုလုပ်

ဇွန်လ (၁၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် အတွင်း ၂၀၂၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် ကျရောက်သော (၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနားနှင့် ရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားအပြင် ယခင် ကရင်လူငယ်အစည်းအရုံး (K.Y.O) တွင် တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်းအခမ်းအနားတို့အား ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ ခလယ်လွီထူခရိုင်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာတို့မှ တာဝန်ရှိ ခေါင်းဆောင်များ အသီးသီး နှင့် ပြည်သူလူထုများတက်ရောက် ဂုဏ်ပြုခဲ့ပြီး ကရင်လူငယ်အစည်းအရုံး (K.Y.O) မှ ဦးဆောင်ကာ ခလယ်လွီထူခရိုင်ရှိ ရှေ့တန်းနယ်မြေများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ အရာရှိများနှင့် ရဲဘော်များ တို့အား ကြိုဆိုဂုဏ်ပြုခြင်း အပြင် ကရင်လူငယ်အစည်းအရုံး (K.Y.O) တွင် တာဝန် ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအားလည်း ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့သည်။