စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်အမျိုသားရဲတပ်ဖွဲ့၊ ရဲမှူးချုပ်၊ ဒုတိယဗိုလ်မှူးကြီးစောအယ်ကလူဖိုးမှ (၃၃)နှစ်ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ကရင်အမျိုးသားရဲတပ်ဖွဲ့ ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များသို့ တိုက်တွန်းအားပေးစကား။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ကေအဲန်ယူ-ဗဟို။
“ယနေ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ စတင်တည်ထောင်ခြင်း (၃၃)နှစ်ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့မှာ ကရင်အမျိုးသားရဲတပ်ဖွဲ့ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များ ခွန်အားနှင့်ပြည့်စုံပြီး ကရင်အမျိုးသား ရဲတပ်ဖွဲ့ တာဝန်ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းနှင့်အတူ ယခင်ခေါင်းဆောင်များ လက်ဆင့်ကမ်းပေးခဲ့သည့် ကရင်အမျိုးသားရဲတပ်ဖွဲ့လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ကရင်အမျိုးသားရဲတပ်ဖွဲ့ မဖွဲ့စည်းရသေးသည့်အချိန်က တရားဥပဒေစိုးမိုးရေးအတွက် တရားသူကြီးများ တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) အား တာဝန်ပေးအပ်ခဲ့သည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်က ကရင်အမျိုးသားရဲတပ်ဖွဲ့လိုအပ်သော လူအင်အား ကို KNDO မှ ရဲဘော်များအား ရွေးချယ်ခဲ့သည်။
ယနေ့အချိန်မှာ တိုးတက်လာသော ကမ္ဘာကြီးနှင့်အတူ လူသားတွေလည်း အတွေးအခေါ်တိုးတက်လာ သည့်အပေါ်မှာ ရာဇဝတ်မှုများစွာရှိလာကြသည်။ ကမ္ဘာ့လူထုဆက်ဆံရေးအပေါ်မှာ ကျွန်ုပ်တို့၏ အမျိုးသား ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာများ ထိခိုက်လာပြီး တရားဥပဒေချိုးဖောက်မှုများလည်း ရှိလာသည်။
ဒါ့ပြင် ကျွန်ုပ်တို့ လုပ်ငန်းအပေါ်မှာလည်း အခက်အခဲအမျိုးမျိုးရှိပါသည်။ ဘာကြောင့်လဲဆိုရင် ကရင် အမျိုးသားများအတွက် အာဏာရှင်အမြစ်ပြတ်အောင် တော်လှန်နေစဉ် တချိန်တည်းမှာပဲ ကရင်ကံကြမ္မာ ကရင်ဖန်တီးနိုင်ရေး၊ မိမိအုပ်ချုပ်ရေးမိမိတည်ဆောက်ရေး၊ ပြည်တွင်း လုံခြုံရေး၊ ၊ ကရင်တမျိုးသားလုံး လုံခြုံရေး အတွက် ရဲတပ်ဖွဲ့မှာ တာဝန်အပြည့်ရှိပါသည်။
ကရင်အမျိုးသားရဲတပ်ဖွဲ့ကို တော်လှန်သောမျိုးချစ်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ကျွန်ုပ်တို့ လည်း တာဝန်ဝတ္တရားအတွက် တော်လှန်သောမျိုးချစ်ပုဂ္ဂိုလ်များဖြင့် ထပ်မံဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့ အယောက်စီတိုင်းမှာ လုပ်ငန်းဆိုင်ရာမှာ အတွေ့အကြုံကိုယ်စီရှိကြပြီး လုပ်ငန်းအားကောင်းစေ ရန်အတွက် ပိုမိုနားလည်အောင် အတွေ့အကြုံများကို စုပေါင်းပြီး သင်ခန်းစာယူကာ ဆောင်ရွက်ကြရမည်။
ကျွန်ုပ်တို့ ခွန်အား၊ တက်ကျွမ်းမှုအတက်ပညာရှိစေရန်အတွက် ပြည်သူများသည် အဓိက ခွန်အားတရပ်ဖြစ်သည်။ ကျွန်ုပ်တို့လုပ်ငန်းဆောင်တာများပြည့်မြောက်စေရန်အတွက် ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုအပေါ်မူတည်သည်။ ပြည်သူများကို ကျွန်ုပ်တို့ လုပ်ငန်းများအား နားလည် စေရန် အတွက် စည်းရုံးကာ လုပ်ဆောင်ရသကဲသို့ စုပေါင်းလုပ်ဆောင်မှုအပေါ် တွင် တပ်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရမည်။
နိဂုံးချုပ်အနေဖြင့် မျိုးချစ်စိတ်ဓာတ် စိတ်အားထက်သန်စွာဖြင့် လုပ်ဆောင်ခဲ့ကြသည့် ခေါင်းဆောင်များ နှင့် ယနေ့အချိန်အထိ လုပ်ဆောင်နေသည့် ခေါင်းဆောင်များကို လေးစားစွာဖြင့် အလေးပြု အပ်ပါသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့၏ အရည်အချင်းပြည့်မီစေရန်နှင့် ခိုင်မာစေရန်မှာ ကရင်အမျိုးသား အားလုံးမှာ တာဝန်ရှိပါသည်။”