စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဘိတ်ထားဝယ်ခရိုင်အတွင်း အ‌‌ခြေခံစစ်ဆေးသင်တန်းဆင်းပွဲ နှင့် တပ်ပိုင်းဆိုင်ရာဆက်သွယ်ရေး သင်တန်းဆင်းပွဲအား ပူးတွဲကျင်းပပြီးစီး။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ဘိတ်ထားဝယ်ခရိုင်အတွင်း တပ်မဟာ(၄)ခေါင်းဆောင်များမှဦးဆောင်၍ ‌အခြေခံစစ်ဆေးသင်တန်းနှင့် တပ်ပိုင်းဆိုင်ရာဆက်သွယ်ရေးသင်တန်းများ ကျင်းပခဲ့ရာ ယနေ့ ၂၀၂၄ခုနှစ်၊စက်တင်ဘာလ ၁၂ရက်နေ့ တွင် အဆိုပါသင်တန်းနှစ်ခု၏ သင်တန်းဆင်းပွဲအား ပူးတွဲ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့တပ်မဟာ(၄)ဗျူဟာမှူး ဗိုလ်မူးကြီးစောလေးသိန်းနှင့် တပ်မဟာ‌ခေါင်းဆောင်များ၊ ဘိတ်ထားဝယ်ခရိုင်ခေါင်းဆောင်များ၊ ဘိတ်ထားဝယ် ကရင်လူငယ် အစည်းအရုံး ခေါင်းဆောင်များတက်ရောက်အားပေး ဂုဏ်ပြုခဲ့သည်။
အခြေခံစစ်ဆေးသင်တန်းအား လူငယ်ခေါင်းဆောင် (၆၅) ဦး နှင့် တပ်ပိုင်းဆိုင်ရာဆက်သွယ်ရေးသင်တန်းအား လူငယ်ခေါင်းဆောင် (၁၄) ဦး အောင်မြင်စွာတက်ရောက်ပြီးစီးခဲ့ပြီး ဤသင်တန်းများအား ၆ လကြာ သင်ကြားပေးခဲ့သည်။ သင်တန်းသို့ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေအတွင်းရှိ မြို့နယ်အသီးသီး တပ်ရင်းအသီးသီမှ လူငယ်များ တက်ရောက်ခဲ့သည်။