စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မူတြော်ခရိုင်အတွင်း ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) မှ ဦးဆောင်ပြီး ဌာနဆိုင်ရာလုပ်ငန်း လုပ်ဆောင်မှုနှင့် အမျိုးသမီးစွမ်းရည်မြင့်တင်မှု သင်တန်းကျင်းပပြုလုပ်

စက်တင်ဘာလ (၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် အတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၄) ရက်နေ့အထိ (၁၀) ရက်တာအတွင်း ကရင် အမျိုးသမီးအစည်းအရုံးမှ ဦးဆောင်ပြီး စည်းရုံးရေးနှင့်အသိပညာပေးရေးလုပ်ငန်းကော်မတီ၊ ကျန်းမာ ရေးနှင့်ပညာပေးရေးဌာန နှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းကော်မတီတို့၏ ဌာနဆိုင်ရာ လုပ်ငန်းလုပ်ဆောင်မှု သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင် နှင့် မြို့နယ် ကရင် အမျိုးသမီးအစည်းအရုံး ခေါင်းဆောင်ကိုယ်စားလှယ် စုစုပေါင်း (၃၅) ဦး ခန့် တက်ရောက်ခဲ့ကြသည်။
ထို့သင်တန်း၌ ဌာဆိုင်ရာလုပ်ငန်းများအပြင် ကရင်အမျိုးသမီးအစည်းအရုံးမှ Safe house နှင့် အမျိုးသမီးကာကွယ်ရေးအစီအစဉ်၊ အမျိုးသမီးများအတွက် စွမ်းရင်မြင့်တင်ရေးအစီအစဉ်၊ အလုပ် စီမံခန့်ခွဲမှု၊ ကရင်အမျိုးသမီး အစည်းအရုံး၏ ပေါ်လစီ နှင့် ဘဏ္ဘာငွေစီမံခန့်ခွဲ့မှု ဆိုင်ရာ အကြောင်းအရာများကိုပါ သင်ကြားပို့ချခဲ့သည်။
ယခုသင်တန်းကို ဦးစီးဆောင်ရွက်ခဲ့သော မူတြော်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ပဒိုနော်ဖောလေးသော မှ “ဒီသင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က သက်ဆိုင်ရာ ဌာနအသီးသီးတွင် ပါဝင်နေကြသော ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာရန်၊ လုပ်ငန်းဆောင်တာ များကို ပိုမိုဦးဆောင်နိုင်ရန်၊ ချမှတ်ထားသော ပေါ်လစီများအတိုင်း တိကျမှန်ကန်စွာ လိုက်နာ လုပ်ဆောင် ရန် နှင့် လုပ်ငန်းများကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်အထိ ထိရောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။