Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
၂၀၂၂ ခုနှစ်၊ မေလအတွင်း ဒူးသထူခရိုင် တိုက်ပွဲသတင်း ထုက်ပြန်ချက်

၂၀၂၂ ခုနှစ် ဇွန် ၁ ရက် ကေအဲန်ယူ - ဗဟိုကေအဲန်ယူ- သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အာဏာသိမ်း စစ်ကောင်စီ-BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA/KNDO) တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု(၄၁)ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၇၁)ဦးသေ၊ (၅၃)ဦး ထိခိုက်ဒဏ်ရာရ၍ စစ်ကား (၅)စီးပျက်စီးခဲ့သည်။ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များမှ မျိုးချစ်စစ်သည် (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦး ပြည်သူ့အတွက် အသက်ပေးသွားခဲ့ရသည်။မေလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာအတွင်းသို့ လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ အရပ်သားပြည်သူများ၏ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့၍ စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရခဲ့သည်။ထို့အပြင် စစ်ကောင်စီ တပ်များမှ ဒေသခံပြည်သူများထံမှငွေ(၂၁၃၀၀၀၀၀)... ...

Read More
News
စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်နေရ။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ရက်၊ သထုံခရိုင်။.ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကိုအကြောင်းမဲ့ ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်းသိရသည်။ မေလ ၂၇ ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ စစ်စီးကုန်း၌ နယ်မြေကျူးကျော်လာသော ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၇၇ စုပေါင်းအင်အား ၇၀ ခန့်နှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ အကြားမိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ထိတွေ့ပစ်ခတ်မှု၌ နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်များမှ သစ်ဆိပ်ပင်ကျေးရွာသား (၁)ဦးအား ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မေလ (၂၆) ရက်နေ့ကလည်း လက်ပံပင်ရွာ သား မောင်ဘုန်းဝေကျော်နှင့် အထက်အဂ်ဘိုရွာသား မောင်ပိန်တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ဆောင် သွားခဲ့ကာ ယခုချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြော... ...

Read More
News
ကေအဲန်ယူ တပ်မဟာ(၁)(၃)(၄)(၅)အတွင်းရှိ သွားလာရန်ခက်ခဲသော နေရာများရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိကြောင်း။

ကေအဲန်ယူ-ဗဟို၂၀၂၂ခုနှစ်၊မေလ(၂၉)ရက်။KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အမြဲပြုလုပ် လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပါသည်။စစ်ကောင်စီတပ်များသည် သူတို့၏နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်း နေထိုင်နေကြရပါသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသော တပ်မဟာများ... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင်ဦးဆောင်သော အဖွဲ့မှ ရွှေခါးမိုကျေးရွာမှ သားအဖနှစ်ဦးကို PDF သင်တန်းဆင်းဟု စွပ်စွဲကာဖမ်းဆီးခဲ့

၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ ရွှေခါးမိုကျေးရွာရှိ သားအဖနှစ်ဦးဖြစ်သည့် မောင်ကျော်မင်းစိုး အသက်(၄၅)နှစ်နှင့် သားမောင်ထက်လင်းစိုး (ခ) ဖိုးတောင်ရိုး အသက်(၂၀)နှစ် ကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင် ဦးဆောင်သော အဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၂၃)ရက်နေ့၊ ညနေ (၄)နာရီခန့်အချိန်တွင် ကျွန်းကြီးကျေးရွာသို့ ဖိတ်စာသွားပို့နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီမှ ထိုသားအဖနှစ်ဦးသည် PDF သင်တန်းဆင်းသည်ဟု စွပ်စွဲကာ အထက်မှ အမိန့်ကျလာသောကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။ ထိုသားအဖနှစ်ဦးသည် ကျပန်းလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်သူများ ဖြစ်သောကြောင့် ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ရွှေတူးဖော်ခြင်းလု... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ ပြည်သူလူထု၏ အိမ်တွင်းသို့ ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာ၊ဝဲမှူးကျေးရွာ၊ အလယ်ကျွန်းကျေးရွာနှင့် သစ်ဖရောင်းတန်း ကျေးရွာ တွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ သည် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး သစ်ဖရောင်းတန်းကျေးရွာရှိ ဦးမောင်မောင်လေးနှင့် ဦးမောင်အေးလှိုင်တို့၏ အိမ်သို့ ဝင်ရောက်ပြီး မွှေနှောက် ကြသည်။ ပြည်သူလူထုများသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကျေးရွာတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိသောအခါ ထိတ်လန့်ကြောက်ရွံ ထွက်ပြေးကြသောကြောင့် စစ်ကောင်စီ၏ တပ်များသည် အပစ်မဲ့ပြည်သူလူထုများကို အကြောင်းမဲ့ လိုက်လံဖမ်းဆီးကြသည်ဟု သိရသည်။၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကေအဲန်ယူ - ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ ထိုးစစ်ဆင်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံဖြင့် ကျေးရွာတွင... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ပူးပေါင်းတပ်မှ လက်နက်ပေါင်းစုံဖြင့် ကျေးရွာတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထုနှစ်ဦးနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံး

၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်၊ ကေအဲန်ယူ။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၃၅၁၊ ခမရ ၄၃၉၊ ခလရ ၆၀၊ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး တပ်ရေးဗိုလ်ကြီး ဇေယျာလင်း ဦးဆောင်၍ ညောင်ကုန်း ကျေးရွာတွင် အခြေချပြီး နရွဲပင်ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်နှင့် လက်နက်ပေါင်းစုံဖြင့် မေလ(၂၀)ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅မိနစ်မှစ၍ ၃နာရီကြာ အဆက်မပြတ် ပစ်ချပြီး ၃နာရီကြာနောက်ပိုင်း နာရီဝက်ခြားတစ်ကြိမ် ည ၂ နာရီအထိ ပစ်ချခဲ့သည်။ ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦးနှင့် တိရိစ္ဆာန်များကို ထိမှန်ခဲ့သည်။ အဖ စောကျော်ဝင်း၊ အမိ နော်ဒူးဒူတို့၏သား စောထွန်းသစ္စာအသက်(၁၆)နှစ် လည်ပင်းတွင် စိုးရိမ်ရထိခိုက် ဒဏ်ရာရရှိပြီး အဖ စောမောင်ဆက်၊ အမိ နော်လှမြင့်တို့၏သား စောထွန်းထွန်းဆက်အသက်(၃၈)နှစ်မှာလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ... ...

Read More