Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထား

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့(ဝီယော်စခန်း)မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထားကြောင်း ကေအဲန်ယူ-သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနတာဝန်ရှိသူကသတင်း ပေးပို့ထားသည်။ ဇွန်လ (၂)ရက်နေ့က လေးကေ ကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိစောသန်းလေးအား ခမရ အမှတ် (၉) စစ်ကြောင်းမှူး သီဟဇော်၏ လက်အောက်ခံတပ်သားမှ ဝီယော်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ပြင်းထန် ဒဏ်ရာရရှိခဲ့၍ နီးစပ်ရာ ပြည်သူများက သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးခဲ့သော်လည်း ဇွန်လ (၃) ရက်နေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။ဇွန်လ (၂) ရက်နေ့ နံနက် ၈နာရီခွဲ ဝန်းကျင်တွင် ကေအဲန်ယူ-သထုံမြို့နယ်၊ ပနကူးထီး ကျေးရွာသား စောကြည်သည် ဆိုင်ကယ်မောင်းနှင်လာစဥ် ဝီယော်ကျေးရွာအတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်မှ ဖမ်းဆီးထားခဲ့သည်။ဇွန်လ (၁)... ...

Read More
News
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ်၊မေလအတွက် တိုက်ပွဲသတင်းချုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ၂၀၂၂ခုနှစ် မေလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊တိုက်ပွဲငယ်စုစုပေါင်း (၄၄၈)ကြိမ်ဖြစ်ပွားခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များဘက်မှ (၃၀၃) ဉီးသေဆုံးပြီး (၂၁၅)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင် အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များများဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇) ဉီးအသက်စွန်ခဲ့ ပြီး(၂၆)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မ... ...

Read More
News
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက်၊ သထုံခရိုင်။ဇွန်လ (၂) ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရသည်။ဇွန်လ (၂) ရက်နေ့ အင်အား (၂၀၀) ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ ဧက ၁၀၀ ကျောက်မိုင်းဖက်သို့တက်လာပြီး နံနက် ၈ နာရီ ဝန်းကျင်တွင် မုပ္ပလင်လမ်းဆုံမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။အာဏာသိမ်း စစ်ကောင်စီတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ထိခိုက်ပျက်စီးမှုကြီးကြီးမားမား မရှိသေးသော်လည်း ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ...

Read More
News
အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးထောက်ခံစာ မပါပါက သွားလာခွင့်မပေး

ဇွန်လ(၄)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါပဲ သွားလာနေသော ပြည်သူလူထုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ သွားလာခွင့်မပေးဟု စား ဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရသော ပြည်သူလူထုထံမှ သိရှိရသည်။ ယနေ့ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာပြည်သူလူထုများမှ ကျောက်ကြီးမြို့သို့ စားသောက်ကုန်များ ဝယ်ယူရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်၏ အစစ်ဆေးခံရပြီး အာဏာသိမ်း စစ် ကောင်စီမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသောကြောင့် မြို့ထဲသို့ ဝင်ရောက်ခွင့်မရှိပဲ ပြန်လှည့်လာခဲ့ရသည်။ ထိုမျှမက နောက်နောင် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သော အုပ် ချုပ် ရေးမှူးထောက်ခံစာ ကိုင်ဆောင်ရမည်ဟု မှာကြားပြီး... ...

Read More
News
တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက အနီးရှိရွာ(၂) ရွာအား ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟုခမရ-အမှတ် (၉) တပ်ရင်းမှူးခြိမ်းခြောက်။ လက်နက်ကြီးများ ဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ရက်၊ ကေအဲန်ယူ - ဗဟို KNU မှထိန်းသိမ်းထားသော အာဏာသိမ်း စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေး ကျေးရွာ (၂) ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု ခမရ အမှတ် (၉) တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုကြောင်းသိရသည်။ဇွန်လ (၁) ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ (၂) ဦးတို့သည် ထုံးဘို ကြီး ကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်း ထောက်လှမ်းနေစဥ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ဇွန် (၂) ရက် နံနက် (၅) နာရီခွဲခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာပို့... ...

Read More
News
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်‌နယ်မြေအတွင်းတွင်ကိုယ်ထူကိုယ်ထကျောင်းအချို့ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့ ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်ရန်အတွက် ခြိမ်းခြောက်ခြင်းခံရ

ဇွန်လ(၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြည်သူလူထုတည်ထောင်သည့် ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်သော လော်မူပယ်ကျေးရွာရှိ မူလတန်းကျောင်း၊ လော်မူသောကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ကော်သာစေးကျေးရွာရှိ အလယ်တန်းကျောင်းများကို ယနေ့ နံနက် (၈) နာရီခွဲအချိန်တွင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယခုလို ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းသုံးပစ္စည်းကိရိယာများ၊ စာရေးခုံနှင့် ထိုင်ခုံများ အလုံအလောက်မရှိသေးဟု သိရသည်။ အာဏာရှင်၏ ပညာရေးစနစ်ကို မနှစ်သက်သော ကျွဲခြံကျေးရွာရှိ ပြည်သူလူထုများသည်လည်း မိမိတို့ကိုယ်တိုင် ယခုလိုကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခြင်း ခံရခဲ့သည်။ ခြိမ်းခြောက်ခံရခြင်းမှာ ယနေ့နံနက်(၈)နာရီ... ...

Read More