Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
စစ်ကောင်စီ(လေးကေ)စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁)ဦးဒဏ်ရာရ၍ အိမ် (၂)လုံးထိမှန်ပျက်စီး

၂၀၂၂ ခုနှစ်၊ ဇွန်၂၂ရက်၊ ​ကေအဲန်ယူ - ဗဟိုဇွန်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ (လေးကေ)စခန်းမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ဦးဒဏ်ရာရ၍ အိမ် (၂) လုံးထိမှန်ပျက်စီးခဲ့သည်။စစ်ကောင်စီဖက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းစောကျေးရွာတွင်နေထိုင်သူ အသက် (၂၈) နှစ်အရွယ်ရှိ နော်မာသက်၏ ညာဖက်ခြေခုံအား လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်း၏ နေ အိမ် နှင့် နော်ကော်၏နေအိမ်မှာလည်း လက်နက်ကြီးစထိမှန်ခဲ့သည်။ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မင်းစောကျေးရွာ ရွာသားတစ်ဦးအားမေးမြန်းကြည့်ရာ "အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ် သူ့မှာ (၂)လအရွယ်ကလေးငယ် လေးလည်းရှိနေတော့ စိုးရိမ်ရတာပေါ့၊ လက်နက်ကြီးက ရွာထဲမှာ (၃)လုံးပေါက်ကွဲတယ်၊ အိမ်ကတော့ (၂)လုံးထိတာပေါ့ တစ်ခြားထိခိုက်တာတွေလည်းရှိသေးတယ်"ဟ... ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ကျားသေတောစားကျက်တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်သောကြောင့် စားကျက်တွင်း ကျွဲနွားတိရိစ္ဆာန်များကို ထိန်းကျောင်းနေသူများ အခက်အခဲများနှင့် ကြုံတွေ့ရ

ဇွန်လ (၁၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ယနေ့ နေ့လည်(၂)နာရီ မိနစ်(၂၀)မှ (၃)နာရီ (၁၁)မိနစ်အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် နတ်သံကွင်းမှ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာရှိ၊ ကျားသေတော (အင်းဝိုင်းကြီး) စားကျက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ချခဲ့သည်။ ၎င်းပစ်ခတ်မှုကြောင့် စားကျက်တွင်း ကျွဲနွားတိရိစ္ဆာန်များကို ထိန်းကျောင်းနေသူများ ကျွဲနွားများမထိန်းကြောင်း ရဲ တော့ပဲ ၎င်းတို့၏ကျွဲနွားများကို ရွာထဲသို့ ပြန်လည်မောင်းဝင်လာရသည်။ကျားသေတော(အင်းဝိုင်းကြီး)စားကျက်သည် ယခင်ဘိုးဘွားစဉ်ဆက်ကတည်းက သတ်မှတ်ထားသည့် တိရိစ္ဆာန်ကျက်စားရာနေရာ ဖြစ်သည်။ ဤစားကျက်မြေများအား မဆလ၊ နဝတ၊ နအဖနှင့် အစိုးရ အဆက်ဆက်တို့မှ စိုက်ပျိုးရေးစီမံကိန်းများ ပြုလုပ်ရန်အတွက် ဒေသခံပြည်သူများ ပိုင်ဆိုင်သတ်မှတ်ထားသော စားကျက်မြေအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများကို အဓမ္မလုပ် အားပေးများ ဆင့်ခေါ်၍ ခုတ်ထွင်ရှင်းလင်းမှုမျာ... ...

Read More
News
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးပစ်ချပြီး အင်အားတိုးချဲ့

ဇွန်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀-မမကို ပစ်ချခဲ့သည်။ ယနေ့နံနက်(၉)နာရီ (၁၀)မိနစ်အချိန်မှစ၍ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်တောင်မြစ်အနောက်ဘက်ကမ်းရှိ အင်းပရိကျေးရွာတွင် အခြေစိုက်ကာ စစ်တောင်း မြစ်အရှေ့ဘက်ခြမ်းရှိ လိန်ပင်ဝဲကျေးရွာသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်။ ပစ်ချသည့် အလုံးရေ အရေအတွက်ကို အတိအကျမသိရှိရပါ။ ယင်းပစ်ခတ်မှုကြောင့် လိန်ပင်ဝဲကျေးရွာနေ ဦးမောင်ထွန်းဦး၏ နွားတစ်ကောင် ထိမှန်သေဆုံးခဲသည်။ ယင်းပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၅၉)လုံးနှင့် လူဦးရေ(၁၁၈၄)ဦးရှိသော လိန်ပင်ဝဲကျေးရွာမှ ပြည်သူလူထုများ နေရပ်စွန့်ခွာပြီး ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ရသည်။ တစ်ဖက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းပရိကျေးရွာမှ လိန်ပင်ဝဲက... ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

ဇွန်လ(၁၀)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၆၀၊ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး အင်း နက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးအနားတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ချသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၆၀သည် ကျောက်ကြီးမြို့၊ ဆိပ်ကြီးတွင် နေရာချထားပြီး ယနေ့နေ့လည်(၂)နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ၆၀-မမ သုံးလုံးဖြင့် ပစ်ချခဲ့သည်။ ၎င်းပစ်ချမှုကြောင့် မည်သည့်ထိခိုက်ပျက်စီးမှုမရှိသော်လည်း ကျေးရွာပြည်သူလူထုများမှ ထိတ်လန့်ကြောက်ရွံ့ပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်စေသည်။ မေလ(၁၂)ရက်နေ့တွင် ၎င်းအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒလဆိပ်ကျေးရွာအုပ်စုနှင့် အင်းနက်ကျေးရွာအုပ်စုတွင် စစ်ရေးအရ ထိုးစစ်ဆင်လာသောကြောင့့်် ဒေသအတွင်း ပြည်သူ လူထု၏ လူမှုဘဝလုံခြုံရေး တာဝန်ယူ... ...

Read More
News
စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ရက် ကေအဲန်ယူ - ဗဟိုဇွန်လ (၇)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ထိန်းချုပ်နယ်မြေဖြစ်သော ဒေါင်းတောင်(လက်ပံပင်ရွာ နှင့် ဘိုက္ကားကျေးရွာအကြား)၌ စစ်အင်အားအပြည့်ဖြင့် မောင်း နှင် လာသော စစ်ကောင်စီယာဥ်တန်းကို ကရင့်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၀) ဦးသေကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရသည်ဟု မြေပြင်တပ်မှူးများထံမှသတင်းရရှိသည်။အဆိုပါ စစ်ကောင်စီ ယာဥ်တန်းသည် စစ်အင်အားအပြည့်ဖြင့် ပဲခူးမှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဒေါင်းတောင် သို့အရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ထို့နောက် စစ်ကောင်စီယာဥ်တန်းနှင့် KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KNLA နှင့်ပူးပေါင်းအဖွဲတို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ကေအဲန်ယ... ...

Read More
News
စစ်ကောင်စီ ခမရ အမှတ် (၉)စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူလူထု (၃၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉)တပ် (ဝီယော်)စခန်းမှ ဇွန်လ (၁)ရက်နေ့မှစကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုများကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ဝီယော် ကျေးနယ်အုပ်စုရှိ ကျေးရွာ (၄)ရွာမှ ဒေသခံ (၃၀၀၀ )ဦးကျော် ဘေး လွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ဘေးရှောင်ပြည်သူများမှာ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ တို့မှဖြစ်ပြီး အများစုမှာအနီးအနားကျေးရွာများမှ ဆွေမျိုးများထံသို့ ထွက်ပြေး တိမ်း ရှောင်နေကြရကာ တစ်ချို့မှာလည်း နီစပ်ရာ မြို့များတွင် သွားရောက်ခိုလှုံနေကြရသည်ဟုသိရသည်။မိုးတွင်းကာလဖြစ်၍ စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ-သထုံမြို့နယ်ခေါင်းဆာင် တစ်ဦးမှ "မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ် တယ်... ...

Read More