Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။

အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။၂၀၂၂ ခုနှစ်၊ မေလ ၆ရက်၊ ကေအဲန်ယူ ဗဟိုမေလ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့များသည် ကေအဲန်ယူ- သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းရှိ ထီးကျူကျေးရွာနှင့် မဲသန ကျေးရွာအကြား(ကျေဖာလဲ့)တွင် အရပ်သားတစ်ဦးကို သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။စစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်သတ်ခြင်းခံခဲ့ရသူမှာ ထီးကျော်ခီးကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်ရှိ စောဖားတရုတ်ဖြစ်ပြီး ထီးကျော်ခီး ကျေးရွာလူကြီးဟောင်းဖြစ်ကြောင်းသိရသည်။ "စောဖားတရုတ်က ကျေဖာလဲ့မှာ ဆိုင်ကယ်နဲ့ နွားစာသွားယူတာတဲ့၊ BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေ က ဆိုင်ကယ်ကိုရပ... ...

Read More
News
ကေအဲန်ယူ-သထုံခရိုင်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး အခက်အခဲများစွာရှိနေ

၂၀၂၂ ခုနှစ်၊ မေလ ရက်၊၆ ကေအဲန်ယူ ဗဟိုအာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်းတွင် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ အတွင်းသို့ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်း၌ ဒေသခံစစ်ဘေးရှောင်ဦးရေ တစ်သောင်း(၁၀၀၀၀) ကျော်အထိ ရှိလာခဲ့သည်။"စစ်ဘေးရှောင်တွေက များလာတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်၊ အိမ်မှာလည်း ပြန်မယူရဲကြတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေတော့လိုအပ်တယ်၊ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲလည်းရှိတော့ တစ်ချို့လည်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတယ်"ဟု စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက... ...

Read More
News
ဘီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီမှ လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ။ KNLA မှကြားဖြတ်တိုက်ခိုက်၍ စစ်ကောင်စီဖက်မှ အကျအဆုံး နှင့် ဒဏ်ရာရသူများပြား။

၂၀၂၂ ခုနှစ်၊ မေလ ၅ရက်၊ သထုံခရိုင်။ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံတပ်များမှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်လျှက်ရှိသည်။မေလ (၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ စကခ (၈)လက် အောက်ခံ (ခလရ-၄၀၃) တပ်ဖွဲ့သည် မဲပလီစခန်းမှ နတ်ကြီးစစ်ကောင်စီစခန်းသို့ စစ်ကြောင်းထိုးဆင်းလာပြီး အစူးချောင်း ကျေးရွာ သို့ အရောက်တွင် ရွာသူ/သားများကို စုဝေးခေါ်ယူခဲ့ပြီး အသက် (၄၀) ကျော်အရွယ် အစူးချောင်းရွာသား တီးဖားကျော်ထူးအား ရိုက်နှက်၊ နှိပ်စက်မှုများ ကျူးလွန်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။"စစ်ကောင်စီ စစ်သားတွေ ရွာရောက်တော့ ရွာမှာရှိတဲ့လူတွေမှန်သမျှကို ခေါ်စုခိုင်းတယ်၊ အရွယ်ကောင်းတဲ့ လူတွေက စကစ လာတယ်ဆိုတာသိလို့ ကြိုပြီးတိမ်းရှောင်နေကြတယ်၊ ရွာမှာ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေပဲကျန်တာ၊ တီးဖားကျော်ထူးက ကျန်ခဲ့တဲ့လူကြီးတွေထဲမှာအရွယ် ကောင်းတုန်းပေါ့... ...

Read More
News
ကေအဲန်ယူ-ဘီးလင်းမြို့နယ်ရှိ လေးကေကျေးရွာအား စစ်ကောင်စီမှ တစ်ရက်တည်းတွင် လေယာဥ်ဖြင့် (၂) ကြိမ်လာရောက်ပစ်ခတ်

၂၀၂၂ ခုနှစ်၊ မေလ ၂ရက်၊ ကေအဲန်ယူ ဗဟိုမေလ (၁)ရက်နေ့က ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအား အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများနှင့် KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်။"မနက် (၁၁) နာရီခွဲမှာ ပထမအကြိမ် ဟယ်လီကော်ပတာ (၂)စင်း လာပစ်တယ်၊ လေးကေရွာ ဘုန်းကြီးကျောင်းဘေးက လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်၊ တစ်ခြားထိခိုက်တာ တွေလည်းရှိပေမယ့် အားလုံးမသိရသေးဘူး" ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်။ထို့နောက် မွန်းလွဲ(၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဥ် (၂)စင်းဖြင့် ဒုတိယအကြိမ် လေးကေကျေးရွာအား လာရောက်ပစ်ခတ်ခဲ့ပြီး လူနေအိမ် (၉)လုံးနှင့် သီလရှင် ကျောင်း (၁) ဆေ... ...

Read More
News
စစ်ကောင်စီ တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် လူနေထိုင်ရာဒေသများသို့ ပစ်ခတ်နေမှုကြောင့် ဒေသခံ စစ် ဘေးရှောင် (၇၀၀၀) ခန့်ရှိလာ

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ရက်၊ ကေအဲန်ယူဗဟိုဧပြီလ ၂၃ ရက်နေ့မှစ၍ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း KNDO/ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ၊ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှုများရှိလာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များမှ လူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ပြည်သူ ( ၇၀၀၀) နီးပါး နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်မှ ကျေးရွာပေါင်း (၉)ရွာတို့ရှိ လူဦးရေ (၇၀၀၀)နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များလိုအပ်လျှက်ရှိသည်။ဧပြီလ (၂၃) ရက်နေ့ည ကလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေါဇံကြီးကျေးရွာမှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ... ...

Read More
News
ကတိုင်ဒိ(ကတဲတေ) BGF- စခန်းမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာမှ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ရက်၊ ကေအဲန်ယူ ဗဟ်ုဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်၌ ကတိုင်ဒိကျေးရွာ (BGF-၁၀၁၃) စခန်းမှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဒေါဇံကြီးကျေးရွာ (တာအိုနီ) မှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။"ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံးလက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေမနေရဲကြတော့ဘူး" ဟုဒေသခံတစ်ဦးက ပြောသည်။ ကတိုင်ဒိ BGF-၁၀၁၃ စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာရှိ လူနေအိမ် (၅)လုံးလက် နက်ကြီးစများ ထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိသည်။ ဧပြီ လ ၂၀ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း၂ ဌာနချုပ်မှ လေးကေနှင့် ဝင်းတာပန်ကျေးရွာများတွင် တပ်စွဲထားသော BGF... ...

Read More