စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေခြင်းကြောင့် ကျေးရွာသူကျေးရွာသားများမှ တည်ထောင်ထားသည့် ကိုယ်ထူကိုယ်ထ ကျောင်းများ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရခြင်း

ဇွန်လ(၂၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ် ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရပါသည်။ထိုကျောင်းများသည် ကျေးရွာသူ ကျေးရွာသားများမှမိမိတို့၏ ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ကျောင်းများဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ၏ ထိုသို့သောလုပ်ရပ်များကြောင့် ထိုကျေးရွာများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကြိုးစားတည်ထောင်ထားသော ပညာရေးလုပ်ငန်းအား ရပ်တန့်စေခြင်းသည် လူ့အခွင့်အရေးကို ပီပီပြင်ပြင် ချိုးဖောက်နေခြင်းဖြစ်သည်။အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွေ့ပြောင်းတိမ်းရှောင်နေရ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား နှစ်ရက်အတွင်း ထိပ်တိုက် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား

ဇွန်လ ၂၇ ရက် ၂၀၂၂ ခုနှစ် ကေအဲန်ယူ ဗဟို၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ( ၇ ) နာရီ ခန့်အချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာ ကြားတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးခဲ့သည်။ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ အင်းနက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်။ထို့ပြင် ညနေ ( ၆ ) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြည့်နှင့် စစ်ကား(၅)စီးကို ညောင်ဝိုင်းကျေးရွာတွင် တပ်များလာရောက် ချထားခဲ့ပါသည်။ ၎င်းစစ်ကား (၅) စီးသည် ပဲနွယ်ကုန်းဘက်မှ လာသည်ဟုသိရပြီး... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီတပ်မှ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအားမီးရှို့ဖျက်ဆီး၊ အနီးတစ်ဝှိက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ရက် ကေအဲန်ယူ - ဗဟိုဇွန်လ (၂၅) ရက်နေ့ ညနေ (၅) နာရီ မိနစ် (၄၀) အချိန်က ကေအဲန်ယူ-သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအနီး၌ နယ်မြေကျူးကျော်လာသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) ပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေခံ KNU ပူးပေါင်းတပ်တို့အကြား မိနစ် (၄၀) ခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များမှ ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေး(ကော်ကြာသဲ)ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များသည် ထုံးဘိုလေးကျေးရွာ အတွင်းရှိ လူနေအိမ်များသာမက အထက်တန်းစာသင်ကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းပါမကျန် မီီးရှို့ဖျက်ဆီးခဲ့ကြသည်။စစ်ကောင်စီတပ်များသည် ဇွန်လ (၂၆) ရက်နေ့နံနက်ပိုင်းမှစ၍ ကျေးရွာအတွင်း ကျန်ရှိနေသေးသော လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး အိမ်ခြေမည်မျှမီးလောင်ပျက်စီးသွားသည်ကိုမူ အတိအကျမသိရသေးပါ။ထို့... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်

ဇွန်လ(၂၅)ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ အင်းနက်ကျေးရွာအုပ်စုတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ပြီး ယခုအချိန်အထိ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပါသည်။ ယင်းပစ်ခတ်မှုသည် နံနက်(၇)နာရီမှ (၉)နာရီကျော်အထိ လက်နက်ကြီးအလုံးရေ (၄၀)ကျော်ပစ်ခတ်ပြီး ၎င်းနောက်ပိုင်း ပစ်ခတ်သည့် လက်နက်ကြီးအလုံးရေကို အတိအကျမသိရှိပါ။ ၎င်းပစ်ခတ်မှုကို ခလရ-၆၀၊ ခမရ-၄၃၉၊ ခမရ-၃၅၁ ပူးပေါင်းတပ်တို့မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ကာ ဆိပ်ကြီးနှင့် ညောင်ကုန်းရွာတွင် စခန်းချပြီး အင်းနက်ကျေးရွာအုပ်စုသို့ လက်နက် ကြီးများ ပစ်ခတ်ခြင်းဖြစ်သည်။ ၎င်းပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာပြည်သူလူထု (၅)ဦး ဖြစ်သော စောသက်ဝေစိုး အသက်(၃၅)နှစ်၊ ဘယ်ဘက်ခြေသလု... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ ကျေးရွာ(၃)အုပ်စုအား အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာမှ ထွက်ခွာကြရန် မတရားခြိမ်းခြောက် သတိပေးမောင်းထုတ်

ဇွန်လ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ဇွန်လ(၂၃)ရက် ညနေ(၆)နာရီအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စုအား ၎င်းတို့၏ ကျေးရွာမှ ထွက်ခွာကြရန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ မတရားခြိမ်းခြောက် သတိပေး မောင်းထုတ်ခဲ့သည်။ ၎င်းတို့၏ ကျေးရွာတွင်းသို့ ကေအဲန်ယူမှ ဝင်ထွက်သွားလာကြသည်ကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား ကျေးရွာမှ အသိမပေးခြင်း၊ ကေအဲန်ယူကို ကျေးရွာမှလက်ခံခြင်းနှင့် ကေအဲန်ယူ နှင့် ချိတ်ဆက် ဆက်သွယ်သည်ဟု စွပ်စွဲကာ မောင်းထုတ်ခြင်းဖြစ်သည်။ ထိုသို့ မတရားခြိမ်းခြောက်သတိပေး မောင်းထုတ်သည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ခမရ-၂၀၊ ခမရ -၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ် ဖြစ်ပြီး ခမရ-၂၀တပ်ရင်းမှူးမှ ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုများ ကျေးရွာမှ မထွက်ခွာလျှင် ကျေးရွာတွင်းသို့ ဝ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီ(နတ်ကြီး)စခန်းမှ လက်နတ်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ (၁)ဦးနှင့် သူမ၏ကလေးငယ် (၁)ဦးသေဆုံး

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ရက် ကေအဲန်ယူ - ဗဟိုဇွန်လ (၂၃) ရက်၊ နေ့လည် ၁ နာရီဝန်းကျင်က ကေအဲန်ယူ- ဘီးလင်းမြို့နယ်အတွင်း စခန်းချ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ စကခ (၈) လက်အောက်ခံပူးပေါင်းတပ်များ (နတ်ကြီး)စခန်းမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ (၁) ဦးနှင့် သူမ၏ ကလေးငယ် (၁)ဦးသေဆုံးခဲ့သည်။အာဏာသိမ်း စစ်ကောင်စီ နတ်ကြီးစခန်းမှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက် (၂၅) နှစ်အရွယ်ရှိ နော်စန်းစန်းဝင်း (ခ) နော်အေးနှင့် သူမ၏ (၁) နှစ် (၂) လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရသည်။"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃) ချက်ပစ်တယ်၊ ၁ နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄) ချက်ပစ်တယ် နောက်ဆုံး (၁) ချက်က ဆရာမ အိမ်ဘေး ကျပြီးပေါက်ကွဲခဲ့တာ"ဟုဒေသခံတစ်ဦးကပြောသည်။ယခုဖြစ်စဥ်သည် စစ်ကောင... ...

ဆက်ဖတ်ရန်