စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သထုံခရိုင်အတွင်း စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့်အပေါ် ဒေသခံလူငယ်များမှ ကန့်ကွက်ရှုံချသည့် campaign ပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီတပ်များမှ သထုံခရိုင်အတွင်း အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူ၊ ဓားပြတိုက်ခြင်း၊ ဒေသခံများအား ပေါတာဆွဲ၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းများ ကျူးလွန်နေသည့်အပေါ် ထုံခရိုင် အတွင်းရှိ ကရင်လူငယ်များမှ ဆန့်ကျင်ဆ္ဒပြသည့် campaignတစ်ရပ်ကို ဇူလိုင်လ ၆ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်များသည် ဇွန်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့အထိ ကေအဲန်ယူ ဘီးလင်းမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော် စစ်ရေး လှုပ်ရှားမှု (၁၅) ရက်တာကာလတွင် ဒေသခံ ရွာသား (၂၂)ဦးကို စစ်ကြောင်းတစ်လျှောက် ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြည်သူလူထု၏ ငွေကြေးနှင့်ပစ္စည်းများအား ခိုးယူ၊ စားသုံးမှုများ ဖျ... ...

ဆက်ဖတ်ရန်
သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ်၊ ဇွန်လအတွက် တိုက်ပွဲသတင်းချုပ်

၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ကေအဲန်ယူ−ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးအသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၆၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ တပ်များ၊ နယ်ခြားစောင့်တပ်(BGF)များဘက်မှ (၄၁၀) ဦး သေဆုံးပြီး (၃၃၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၇) ဦးအ သက်စွန်ခဲ့ပြီး (၂၈) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။ဒူပ... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၂ ခုနှစ် ဇွန်လအတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် ( BGF ) တို့ကြောင့် အပစ်မဲ့ပြည်သူလူထု ၁၂ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိ

၄ရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့သည် စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားတိုးချဲ့မှုများ ပြုလုပ်သဖြင့် နယ်မြေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်စောင့်ရှောက်ပေးသော ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီ၏တပ်များ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှုနေ့စဥ္ဖြစ်ပွားခဲ့ပါသည်။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းသို့ စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားတိုးချဲ့မှုပြုလုပ်လာသော အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့် တပ် (BGF)တို့သည် ပြည်သူလူထုများကို ထိတ်လန့် ကြောက်ရွံ့အောင်အမျိုးမျိုးပြုလုပ်သည့်အပြင် ပြည်သူလူထုများနေထိုင်ရာကျ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီတပ်မှ ထုံးဘိုလေးကျေးရွာမှ ပြည်သူ့ပိုင် ပစ္စည်းများကို တပ်ရင်းများသို့ ပြန်လည်သယ်ဆောင်နေ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် ကေအဲန်ယူ - ဗဟိုဇွန်လ ၂၈ ရက်နေ့ နံနက် ၇နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ အမှတ် (၉) နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ၎င်းတို့ မီးရှို့ဖျတ်ဆီးခဲ့သည့် သထုံမြို့နယ် ထုံးဘို လေးကျေးရွာအတွင်း မီးမလောင်ပဲ ကျန်ရှိနေသေးသော ရွာသားပိုင်ဆိုင်ကယ်များ၊ ဝါး၊ သစ်များ၊ စားဆီများ၊ အိုးခွက်ပန်းကန်များနှင့် အခြားပစ္စည်းများကို ခမရ အမှတ်(၉)စခန်း၊ အမှတ် (၉) လက် အောက်ခံ ဝီယော်စခန်း၊ ခမရ အမှတ်(၃) စခန်းများသို့ပြန်လည်သယ်ဆောင်သွားခဲ့ပါသည်။ထုံးဘိုလေးကျေးရွာမှ စစ်ကောင်စီတပ်သားများ ယူဆောင်သွားသည့် ပစ္စည်းများမှာဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မည့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနှင့် အခြားလူသုံးကုန်ပစ္စည်းများပါဝင်သည်။ စစ်ကောင်စီတပ်မှ အဓမ္မယူဆောင်သွားသော သစ်နှင့် ဝါးများမှာ ထုံးဘိုလေး ရွာသားများ န... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီတပ် များမှ ရွာသားတစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းအောက်တွင် မိုင်းများထောင်ထားခြင်း။

၃၀ ၊ဇွန်လ ၂၀၂၂ ၊ ကေအဲန်ယူ - ဗဟို။ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် ခမရ(၄၃၉)၊ခမရ(၃၅၁)၊ခလရ(၆၀)တို့သည် နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု၊ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုခြိမ်းခြောက်မှုများပြုလုပ်သည့်အတွက်ကြောင့် ငဗျက်အင်းရွာနှင့် အင်းနက်ရွာကြားတွင် ၂၀၂၂ခုနှစ် ဇွန်လ ၂၅ ရက်နေ့ က နံနက် ၇ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ် များအ​ကြား နှစ်နာရီကျော်အကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားရာနေရာဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူ ရွာသားများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။ ဇွန်လ ၂၆ ရက်​နေ့တွင် အင်းနက်ရွာသား (၃)ဦးသည် ထွက်ပြေးစဉ်က ချည်နှောင်ထားခဲ့သော ကျွဲများကို ပြန်လာလွှတ်ပြီးနောက် ရွာအတွင်းသို့ ပြန်ဝင်လာစဉ် သေနတ်သံကြားသဖြင့် ထွက်ပြေးလာခဲ့ကြပါသည်။ ထိုစဉ်တွင်... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများအား ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်ထိပ်တိုက် တိုက်ပွဲဖြစ်ပွား

ဇွန်လ(၂၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ဇွန်လ၊ (၂၈)ရက် နံနက်(၇)နာရီအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေး ရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဝဲလဗျင်းကျေးရွာအနီး၌ အာဏာ သိမ်း စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးခဲ့သည်။ထို့နောက်နံနက် (၈)နာရီ ခွဲအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ခလရ(၆၀)တပ်ရင်းမှ ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်တွင် ဒရုန်းဖြင့် လက်နက်ကြီး ပစ်ချခဲ့ရာ အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအမျိုးသမီးသည် အသက်(၃၀)နှစ်ရှိ နေ... ...

ဆက်ဖတ်ရန်