စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ (၉၆၁၈၀) ဦး အထိရှိလာ

ဩဂုတ်လ (၁၅) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှာ စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ်လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ၏ လက်အောက်ခံတပ်ရင်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိမိတို့၏နယ်မြေလုံခြုံရေးတို့အတွက် ကာကွယ်ဖို့ရန်တာဝန်ရှိ သည့်အလျောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ ရင်ဆိုင်တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး မူတြော်ခရိုင် တပ်မဟာ (၅) သည် ကျန်တပ်မဟာ များအားလုံးထပ် တိုက်ပွဲအကြိမ်ရေအများဆုံး ဖြစ်ပွားသော တပ်မဟာတစ်ခုဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ဘေးရှောင်ပြည်သူများ အတွက် လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်လာသော ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များ ပိုမိုလုပ်လုပ်ဆောင်လားခြင်းကြောင့် ဒေသခံ ပြည်သူအမြောက်အများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ဘေးရှောင်ပြည်သူများ အတွက် လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိဩဂုတ်လ (၁၄) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထား ဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်းတွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ် နှင့် လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) တပ်များ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒေသခံပြည်သူလူထုများကို ဖမ်းဆီးပြီး ရိုက်နှက်၊ ထိုးကြိတ်

ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ ကေအဲန်ယူ - ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထု(၂)ဦးကို ဖမ်းဆီးခဲ့ပါသည်။ ထိုဖမ်းဆီးခံရသည့် ဒေသခံပြည်သူလူထု (၂)ဦးမှာ အသက်(၄၀)နှစ်ရှိသူ အောင်းလောင်းစိန်ကျေးရွာသား စောသဂေနှင့် အသက်(၁၇)နှစ်ရှိသူ နောင်ဘိုကျေးရွာသား စောတာအယ်မူတို့ဖြစ်သည်။အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် စောသဂေ ကို ရိုက်နှက်၊ ထိုးကြိတ်သည့်အပြင် စောသဂေ၏ ငွေ(၃)သောင်းကျပ်ကိုလည်း သိမ်းယူသွားခဲ့ပြီး ညနေ(၂)နာရီအချိန်တွင် (၂)ဦးစလုံးကို ပြန်လွတ်‌ပေးခဲ့ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ညနေ(၆)နာရီအချိန်တွင် အသက်(၃၉)နှစ်ရှိသူ ဥသျှစ်ခင်ကျေးရွာသား မြင့်စိုးဦးကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်မလွတ်ပေးခြင်းမရှိသေးပေ။ ထို့နောက်အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ဥသျှ... ...

ဆက်ဖတ်ရန်
သတင်းများ
KNLAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်မှ (၂) ဦးသေ၊ ရွာသားများ ညအချိန်အပြင်ထွက်လျှင် ပစ်သတ်မည်ဟု စစ်ကောင်စီမှခြိမ်းခြောက်ထား

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၃ရက်၊ သထုံခရိုင်။သြဂုတ်လ (၉) ရက်နေ့ နံနက် (၄) နာရီခန့်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်များ နှင့် နယ်မြေခံ KNLA တပ်ရင်း (၃)ပူးပေါင်းတပ်ဖွဲ့တို့ အကြား (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်က (၂) ဦးသေဆုံးခဲ့သည်။ထို့အပြင် သြဂုတ်လ (၉) ရက်နေ့ (၄) နာရီ (၃၀) မိနစ်ခန့်တွင် အင်အား (၇၀)ခန့်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များမှ ကေအဲန်ယူ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးနယ်အုပ်စု၊ မဲရုံးလေးကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ဝင်ရောက်တပ်စွဲထားပြီး ညအချိန်တွင် အပြင်ထွက်သွားလာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ကေအဲန်ယူ-ကျိုက်ထို သတင်းတာဝန်ခံမှသတင်းပေးပို့ထားသည်။လက်ရှိအခြေအနေတွင် ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ စစ်ကြောင်းထို... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ−ကရင့်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား

ဩဂုတ်လ (၁၂) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။ဩဂုတ်လ (၁၀) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနှင့် ကရင်မြက်ရဲ ကျွေးရွာအကြား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ နံနက် (၁၀း၁၀) အချိန်တွင် နောက်တစ်ကြိမ် ထပ်မံ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၉) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့် စာရင်းကိုမှု အတည်ပြု၍ မရသေးသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) ဘက်တွင်မှု မည်သည့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ ရရှိခြင်းမရှိပါ။ ဩဂုတ်လ (၆) ရက် ညနေ (၄း၅၀) အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း... ...

ဆက်ဖတ်ရန်
သတင်းများ
(KNLA) တပ်ရင်း (၉)၊ (KNDO) တပ်ရင်း (၃) နှင့် စကစ တပ်တို့အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ တပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

ဩဂုတ်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ဩဂုတ်လ(၁၀)ရက်နေ့ နံနက်(၄)နာရီအချိန်မှ စပြီး ယခုအချိန်အထိ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ပေါင်းစုံဖြင့် ပစ်ခတ်လျက်ရှိသည်။ ထိုသို့ပစ်ခတ်ရာတွင် ဩဂုတ်လ(၁၀)ရက်နေ့၊ နေ့လည်(၁၁)နာရီခွဲအချိန်တွင် လက်နက်ကြီးတစ်လုံး ထိုးဝါးစိုက်ကျေးရွာသို့ ကျရောက်ခဲ့ပြီး ဦးဝင်းကြည်၏နေအိမ်ကို ထိမှန်ခဲ့သည့်အပြင် ဦးဝင်းကြည်၏ဇနီး အသက်(၅၂)နှစ်ရှိ ဒေါ်စန်းဦး၏ ဘယ်ဘက်ခြမ်းရှိ လက်၊ ခြေနှင့် တင်ကိုထိမှန်ခဲ့သည်။ ထိမှန်ခဲ့သည့် လူနာကို ကညင်ကျိုးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နေ့လည်(၁၂)နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူလူထု၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း ထိမှန်သေဆုံးခဲ့သည်။ ထိုပစ်ခတ်မှုသည် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးဒါးတာစုံမှ စစ်တေ... ...

ဆက်ဖတ်ရန်