စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တပ်မတော်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံး

ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၂၁ခုနှစ်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်၊ နံနက်(၇◌း၀၀) အချိန်တွင် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) ကြားရှိ လားလာ (နယ်ကြား) စခန်း ပတ်ဝန်းကျင်တွင် တပ်မတော်မှ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးသွားပြီး ဤသေဆုံးသွားသူ အရပ်သား နှစ်ဦး၏ အမည်မှာ ဦးတာ အသက်(၅၇)နှစ် နှင့် ဂျီဖိုး အသက် (၄၂) နှစ် တို့ဖြစ်သည်ဟု သိရသည်။ဤဖြစ်ရပ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)၊ အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "တပ်ရင်းမှူးအဆင့်ရှိ ရှမ်းလေး (ခမရ ၅၇) သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မူသယ်ကျေးရွာတာဝန်ရှိသူများဖြစ်ကြတဲ့ စောစေးခေသော၊ စောခင်သန်းမူး၊ စောဂေနေမူးနှင့် စောဖားနေတို့ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရွာပြင်ကို ကိုက် (၅၀) ကျော်ထက်လွန်ပြီးတော့ မသွားရဘူတဲ့ သွားရင်သူတို့ လုံခြုံရေးအတွက် ပစ်ခတ်ရမယ်လို... ...

ဆက်ဖတ်ရန်
သတင်းများ
မြန်မာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကား ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

 ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ (၁၉)ရက်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက် (၉◌း၂၅) အချိန်တွင် ပကော်ခီးကျေးရွာသား စောလယ်ဘောသည် ရွှေ့ပြောင်းနေရာမှ ၎င်း၏ နေအိမ်သို့   အိမ်မွေးတိရိစာ္ဆန်များကို အစာကျွေးရန် ပြန်ရောက်ရှိစဉ် တပ်မတော်မှ ဗိုလ်မှူး မောင်မောင်ဆန်း ဦးဆောင်သော တပ်ရင်း ခမရ (၆၀၃)၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကျေးရွာအတွင်းသို့ ရမ်းကား ပစ်ခတ်မှုကြောင့် ၎င်း၏ ပေါင်နှစ်ဖက်နှင့် ဦးခေါင်းကို ထိခိုက်ခဲ့သည်။ ယခု၎င်း၏ လက်ရှိအ ခြေအနေမှာစိုးရိမ်ရပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ)၊ တာဝန်ရှိသူများမှ  ၎င်းအား ဆေးဝါးကုသပေးရန်ုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ (လယ်ဒိုကော်ဆာ) အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "အစိုးရက တပ်မတော်ကို  ယခုကဲ့သို့ NCA ကို လာရောက်ပြီး အထပ်ထပ်ချိုး... ...

ဆက်ဖတ်ရန်
သတင်းများ
မြန်မာ့တပ်မတော်မှ လာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အဆက်မပြက်ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ စာသင်ကျောင်းများ ပိတ်ထားရပြီး ၎င်းတို့၏ရပ်ရွာများအား စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များထဲသို့ တိမ်းရှောင်နေရ

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁၈ရက်၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုကြောင့် ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် (ဃဲဒဲ ကျေးရွာ)မှ ဒေသခံပြည်သူများ စာသင်ကျောင်းများ ပိတ်ထားရပြီး ၎င်းတို့၏ရပ်ရွာများအား စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များထဲသို့ တိမ်းရှောင်နေရသည်။ဇန်နဝါရီလ(၁၇)ရက်နေ့ညနေ( ၅းဝ၈)နာရီအချိိ်န်တွင် သွေးဘိုးပလော၊ အီးသာပလော ဒေသများတွင် အခြေစိုက်နေထိုင်သော မြန်မာ့တပ်မတော်မှ လက်နက်ကြီး အလုံးရေ(၃၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး လက်နက်ငယ် များဖြင့်လည်း တစ်ညလုံးပစ်ခတ်မှုကြောင့် ဒေသခံများမှာ မိမိနေအိမ်များအား စွန့်ခွာ၍ ဘေးလွတ်ရာ တောင်တောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။မြန်မာ့တပ်မတော်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများမှာ ဃဲဒဲကျေးရွာအုပ်စုမှ ကျောင်းဆရာမ(၈)ဦး၊ ကျောင်းဆရာ(၂)ဦး၊ ကျောင်းသာ... ...

ဆက်ဖတ်ရန်
သတင်းများ
မြန်မာစစ်တပ်မှလက်နက်ကြီးပစ်ချမှုကြောင့် ဒေသခံရွာသားတစ်ဦးအားထိမှန်သေဆုံး

၁၅ ဇန်နဝါရီ ၂၀၂၁ ခုနှစ်၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၈ း ၃၀ ခန့်အချိန်၌ မြန်မာစစ်တပ် စကခ ၈ ၊ ခမရ ၄၀၄ တို့တပ်ဖွဲ့သည် တောင်ယာထဲတွင်ရှိနေသော စောမောင်သာဆဲ ဆိုသူကိုလှမ်းမြင်၍ လက်နက်ကြီးဖြစ် လှမ်းပစ်ခတ်သဖြင့် စောမောင်သာဆဲ သည် လက်ကြီးထိမှန်ပြီးသေဆုံးခဲ့ရပါသည်။အဆိုပါ သေဆုံးသူ စောမောင်သာဆဲ သည် တပ်မဟာ ၅၊ မူတြော်ခရိုင် ဒွဲလိုမြို့နယ် တနေးတော ( မဲချို ) ရွာတွင် နေထိုင်သူဖြစ်သည်။ ...

ဆက်ဖတ်ရန်
သတင်းများ
မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် ကျေးရွာအုပ်စု (၄)ခု ဒေသခံပြည်သူများ မှ ရင်ဆိုင်တွေ့ကြုံနေရသည့် ဒုက္ခပြဿနာများ အပေါ်တွင် ဆန္ဒဖော်ထုတ် တောင်းဆို ကြွေးကြော်ခြင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နံနက်တွင် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကျေးရွာအုပ်စု (၄) ခု ဖြစ်သော မဲဝယ်၊ မဲသူ၊ လေးခေါ်ထိ၊ နားကိုခီး စသည့် ကျေးရွာအုပ်စုများ မှ ဒေသခံပြည်သူများသည် မိမိတို့ ရင်ဆိုင်ကြုံတွေ့ နေရသော ဒုက္ခပြဿနာများ ကို ဆန္ဒဖော်ထုတ် တောင်းဆို ကြွေးကြော်ခြင်း တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဒေသခံများ အနေဖြင့် မိမိတို့ဒေသ မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း အစိုးရစစ်တပ် မှ ဝင်ရောက် လှုပ်ရှားခြင်းမျိုး ဖြစ်သည့် တပ်အင်အား တိုးမြှင့် နေရာချခြင်း၊ အချို့တပ်များမှာ  ကျေးရွာအတွင်း၌ နေရာယူ စခန်းချခြင်း၊ စစ်မှုရေးရာ များအတွက် စီစဉ်ဆောင်ရွက် ခြင်း၊ သတ်မှတ်နယ်မြေ ကျော်လွန်ပြီး သွားလာခြင်းကြောင့် ဒေသခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခြင်း၊ နောက်ဆက်တွဲ အဖြစ် ကျေးရွာအတွင်း သို့ ၎င်း၊ လယ်မြေ စားကျက်ကွင်းများ သို့၎င်း၊ အစိုးရစစ်တပ်မှ လက်နက်ကြီ... ...

ဆက်ဖတ်ရန်
သတင်းများ
မူတရော်ခရိုင်၊ လူးသောမြို့နယ် ဒေသခံပြည်သူ သောင်း ကျော် ဆန္ဒဖော်ထုတ်ခြင်း

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်သူးလေသတင်းစဉ်၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ ၌ မူတရော်ခရိုင်၊ လူးသောမြို့နယ် နယ်မြေ (၃)ခုမှ ဒေသခံပြည်သူ များမှ မိမိတို့၏ သဘောထားများ၊ အစိုးရတပ်မတော်၏ မူတရော်ခရိုင်အတွင်း ဝင်ရောက်လှုပ်ရှားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ခြင်း များကို ဆန္ဒဖော်ထုတ်ပြသ ကြပါသည်။ အဆိုပါ ပြည်သူ့ဆန္ဒ ဖော်ထုတ်ခြင်းသည် မူတရော်ခရိုင်၊ လူးသောမြို့နယ် အတွင်းရှိ ခေးဘူး၊ နော်ယို့ထာ၊ လယ်မူပလော၊ စောမူပလော၊ ကောလူးဒဲ၊ ဖလာ့ခို၊ ယဲမူပလော၊ ခဲပါး၊ ပေးကေး၊ ဘောသေထာ၊ ကလောထာ နှင့် တေးမူဒဲ အစရှိသော ကျေးရွာအုပ်စု (၁၂) အုပ်စု မှ နော်ယို့ထာ အရပ်၊ ထီးဟောထာ အရပ်၊ ဒေဘုနိုအရပ် စသည့် နေရာ(၃)ရပ်၌ ချီတက် ဆန္ဒဖော်ထုတ် ခြင်း ဖြစ်ပါသည်။ ယင်း ဆန္ဒဖော်ထုတ်ခြင်းတွင် အောက်ပါအတိုင်း အချက်(၃) ချက် ကို ဖော်ထုတ်တောင်းဆိုထားပါသည်။ (၁) “အစိုးရတပ်မတော် ၏ မိမိတို့ သတ်မှတ်နယ်မြေတွင် လမ်းဖောက်လုပ်ရန် ပြင်ဆင... ...

ဆက်ဖတ်ရန်