၂၄ ဇန်နဝါရီ ၂၀၂၁တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင် ဘီးလင်းမြို့နယ်မှ မြစ်ကျိုးကျေးရွာအုပ်စု၊ တာအုခီးကျေးရွာအုပ်စု နှင့် ကြိုးဝိုင်းကျေးရွာအုပ်စုများအတွင်းရှိ ဒေသံပြည်သူလူထုများသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လူဦးရေ တစ်ထောင်ကျော်ခန့်ဆန္ဒထုတ်ဖော်ထုတ်မှုပြုလုပ်ခဲ့ကြပါသည်။ ဆန္ဒဖော်ထုတ်သော ဒေသခံပြည်သူလူထုတို့၏ ကြွေးကြော်သံ များမှာ -(1) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ အချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး(2) နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောက်ရွက်ရေး(3) ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများ အလိုမရှိ(4) ကျေးရွာအတွင်းတပ်စွဲထားသည့်တပ်စခန်းများ အလိုမရှိ(5) အောက်ခြေတွင်ဖြစ်ပေါ်နေသည့် ပဋိ... ...
ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဗမာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကားပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ယနေ့ နေ့လည် (၁၂) နာရီအချိန်၌ ကျောက်ကြီးမြို့ ဆက်ဆံရေးရုံးတွင် ကရင်ဒေသခံလူမှုရေးရာကော်မတီသို့ တိုက်ရိုက်ပေးအပ်ခဲ့သည်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "ဒီကိစ္စနှင့်ပတ်သက်ပြီး ဆက်ဆံရေးရုံးက အသိပေးပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှ စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီမယ်လို့ပြောပါတယ်။ ဒီကိစ္စအပေါ်မှာ ထွေထွေထူးထူးပြောစရာမရှိဘူး။ ဒါကစစ်ဘေးရှောင်။ သဘာဝဘေးတော့ မဟုတ်ဘူး။ လူလု... ...
ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၂၁ခုနှစ်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်၊ နံနက်(၇◌း၀၀) အချိန်တွင် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) ကြားရှိ လားလာ (နယ်ကြား) စခန်း ပတ်ဝန်းကျင်တွင် တပ်မတော်မှ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးသွားပြီး ဤသေဆုံးသွားသူ အရပ်သား နှစ်ဦး၏ အမည်မှာ ဦးတာ အသက်(၅၇)နှစ် နှင့် ဂျီဖိုး အသက် (၄၂) နှစ် တို့ဖြစ်သည်ဟု သိရသည်။ဤဖြစ်ရပ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)၊ အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "တပ်ရင်းမှူးအဆင့်ရှိ ရှမ်းလေး (ခမရ ၅၇) သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မူသယ်ကျေးရွာတာဝန်ရှိသူများဖြစ်ကြတဲ့ စောစေးခေသော၊ စောခင်သန်းမူး၊ စောဂေနေမူးနှင့် စောဖားနေတို့ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရွာပြင်ကို ကိုက် (၅၀) ကျော်ထက်လွန်ပြီးတော့ မသွားရဘူတဲ့ သွားရင်သူတို့ လုံခြုံရေးအတွက် ပစ်ခတ်ရမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအချိန... ...
၂၀၂၁ခုနှစ်၊ဇန်နဝါရီလ (၁၉)ရက်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက် (၉◌း၂၅) အချိန်တွင် ပကော်ခီးကျေးရွာသား စောလယ်ဘောသည် ရွှေ့ပြောင်းနေရာမှ ၎င်း၏ နေအိမ်သို့ အိမ်မွေးတိရိစာ္ဆန်များကို အစာကျွေးရန် ပြန်ရောက်ရှိစဉ် တပ်မတော်မှ ဗိုလ်မှူး မောင်မောင်ဆန်း ဦးဆောင်သော တပ်ရင်း ခမရ (၆၀၃)၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကျေးရွာအတွင်းသို့ ရမ်းကား ပစ်ခတ်မှုကြောင့် ၎င်း၏ ပေါင်နှစ်ဖက်နှင့် ဦးခေါင်းကို ထိခိုက်ခဲ့သည်။ ယခု၎င်း၏ လက်ရှိအ ခြေအနေမှာစိုးရိမ်ရပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ)၊ တာဝန်ရှိသူများမှ ၎င်းအား ဆေးဝါးကုသပေးရန်ုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ (လယ်ဒိုကော်ဆာ) အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "အစိုးရက တပ်မတော်ကို ယခုကဲ့သို့ NCA ကို လာရောက်ပြီး အထပ်ထပ်ချိုး... ...
လါယနူၤအါရံၤ ၁၈ သီ ၂၀၂၁ဖဲ လါယနူၤအါရံၤ (၁၇) သီ ကီၢ်ပယီၤပဒိၣ်သုး ခးသီၣ်ကျိ ဒီး မၤပျံၤမၤဖုးတၢ်အဃိ ဒူသဝီကမျၢၢ်ဖိတဖၣ် (ဃဲဒၢကရူၢ်ကမျၢၢ်တဖၣ်) ဘၣ်ဃ့ၢ်အိၣ်လၢ ခိခိၣ်ပှၢ်လၢ်ကျါန့ၣ်လီၤ.ဖဲ (၁၇) သီ ဟါ ၅း၀၈ မံးနံး ဆၢကတီၢ် ကီၢ်ပယီၤပဒိၣ်သုး လၢအအိၣ်ဖဲ သွ့ဘိပျီ, အံသၣ်ပျီ တဖၣ် ခးလီၤကျိဖးဒိၣ် အါန့ၢ် (၃၀) ဖျၢၣ် ဒီး ကျိဖိတခီ ခးဝဲဒီတနၤအဃိ ဒူသဝီကမျၢၢ်ဖိတဖၣ် ဘၣ်ဃ့ၢ်အိၣ်လၢ ခိခိၣ်ပှၢ်လၢ်ကျါ န့ၣ်လီၤ.ဃဲဒၢကရူၢ်သဝီဖိ လၢဘၣ်သုးလီၢ်သုးကျဲ ဃ့ၢ်စံၣ်အိၣ်လၢ ခိခိၣ်ပှၢ်လၢ်ကျါတဖၣ် ပၣ်ဃုၥ်ဝဲ ကၠိသရၣ်မုၣ် (၈) ဂၤ, ကၠိသရၣ် (၂) ဂၤ, ကၠိဖိ (၈၅) ဂၤ ဒီး ဒူသဝီကမျၢၢ်ဖိတဖၣ် ပှၤခဲလၢၥ်အိၣ်ဝဲ (၁၈၅) ဂၤန့ၣ်လီၤ. ကၠိဖိတဖၣ် လၢတၢ်ပျံၤတၢ်ဖုးအဖီခိၣ် ဘၣ်ပတုၥ်ကွံၥ်တၢ်ထီၣ်ကၠိ ဒီး ဘၣ်ဃ့ၢ်သုးလီၢ်သုးကျဲဆူ တၢ်လီၢ်အဂၤန့ၣ်လီၤ.ဖဲ (၁၈) သီဟါ ၂း၂၂ မံးနံး ဆၢကတီၢ် ကီၢ်ပယီၤပဒိၣ်သုးတဖၣ် ဟဲထီၣ်ဆူ ဃဲဒၢကရူၢ် ၀ဲၤဒၢး ဒီး ခးသီၣ်ဝဲကျိ ကတံၥ်တၥ် (ယံၥ်) ဝဲ (၂) နၣ်ရံၣ် ဃၣ်ဃၣ်... ...