စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇၆) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ် တွင် ကျင်းပပြုလုပ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်၊ ကေအဲန်ယူ-ဗဟို။
၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ (၃၁) ရက်နေ့ က ကျရောက်ခဲ့သော (၇၆) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဖားအံခရိုင်၊ နဘူးမြို့နယ် အတွင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားအား ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုမန်းဘထွန်း နှင့် ဗဟိုခေါင်းဆောင်များ၊ ခရိုင်ခေါင်းဆောင်များ၊မြို့နယ်ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ မဟာမိတ်ခေါင်းဆောင်များ နှင့် ပြည်သူလူထုများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ (၇၆) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အား ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ တက်ရောက်လာသော ခေါင်းဆောင်များမှ အားပေးစကားများပြောကြားခြင်းများပြုလုပ်ခဲ့ပြီး (၇၆) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြု အားကစားပွဲအစီအစဉ်များလည်းကျင်းပခဲ့သည်။