စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနမှ ဖားအံခရိုင်နှင့် ဒူးပလာယာခရိုင် အတွင်း ကွင်းဆင်း လေ့လာ ဆွေးနွေးမှုများပြုလုပ်။

၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ(၂၈) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန (ဗဟို) မှ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တရီဖိုးကွီးကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့ တွင်သက်ဆိုင်ရာ ခေါင်းဆောင်းများ နှင့်ဒေသခံများ စုစုပေါင်း (၆၉) ယောက် ဖြင့် ၎င်း၊၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖားအံခရိုင်၊ နဘူးမြို့နယ်မှ ခေါင်းဆောင်များနှင့် ဒေသခံများ (၄၈)ယောက် ဖြင့်၎င်း ကွင်းဆင်းရှင်းလင်းလေ့လာ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ ဝင်းကကျေးရွာ ၌ ကွင်းဆင်းလေ့လာဆွေးနွေးမှုတွင် မြို့နယ်ဥက္ကဌနှင့် အခြားသောခေါင်းဆောင်းများ၊ သက်ဆိုင်ရာဌာန ခေါင်းဆောင်များ၊ ဒေသခံများ စုစုပေါင်း လူဦးရေ (၇၇)ဦးတက်ရောက်ခဲ့သည်။
အဆိုပါကွင်းဆင်းလင်းလေ့လာမှုများ၌
၁။ ကော်သူးလေ မွေးမြူရေးနှင့် ရေလုပ်ငန်းမူဝါဒနှင့် လုပ်ငန်းစဉ်။
၂။ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန၏ ၂၀၂၄-၂၀၂၇မဟာဗျူဟာလုပ်ငန်းရေးဆွဲထားရှိမှု။
၃။ မွေးမြူရေးနှင့်ရေးလုပ်ငန်းဆိုင်ရာ မြေယာ၊ အင်း၊ အိုင်၊ချောင်း၊ မြောင်း များတိုင်းတာမှုလုပ်ငန်းစဉ်များ။
၄။ ကမ္ဘာ ရေလုပ်ငန်းနေ့ (World Fisheries) အကြောင်းသိကောင်းစရာများ အား ဆွေးနွေးခဲ့ကြသည်။