စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို စစ်ဌာနချုပ်၌ ၇၅ ကြိမ်မြောက် ကော်သူးလေနေ့ အခမ်းအနားကျင်းပ ပြုလုပ်

ဇွန်လ (၁၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ယနေ့ ကျရောက်သော (၇၅) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနားအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို စစ်ဌာနချုပ်၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနား၌ အခမ်းအနားမှူးအဖြစ် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီမှ ဆရာမ နော်အယ်ဖောဝါးမှ ဦးဆောင်ခဲ့ပြီး သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း မှဦးဆောင်ခဲ့သည်။
အခမ်းအနားတွင် ကေအဲန်ယူဗဟိုခေါင်းဆောင်များ၊ KNLA-ဗဟို စစ်ဦးစီးဌာနချုပ်မှ ခေါင်းဆောင်များ၊ တပ်ဗိုလ်တပ်မှူးများနှင့် ရဲဘော်များ၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံး နှင့် ပြည်သူလူထု များ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်အားပေးခဲ့ကြပြီး ၇၅ ကြိမ်မြောက်ကော်သူးလေနေ့သို့ ပေးပို့သောသဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကော်သူးလေနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများဖတ်ကြားခြင်း၊ ၇၅ ကြိမ်မြောက်ကော်သူးလေနေ့သို့ လာရောက်ဂုဏ်ပြုသူများအား တိုက်တွန်းအားပေးစကားများပြောကြားခြင်းနှင့် ဂုဏ်ပြုတေးသီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။⁩