စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဝင်းရေးမြို့နယ်၌ “သစ်တောသည်ငါတို့ဘဝ၊ ငါတို့ဘဝသည်သစ်တောနဲ့အတူ တည်ရှိမည်” ဟူသော ခေါင်းစဥ်ဖြင့် သစ်ပင်စိုက်ပျိုးခဲ့

ဇူလိုင် (၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ထီးဖထောအုပ်စုတွင် ဝင်းရေးမြို့နယ် သစ်တောဌာန နှင့် ပြည်သူလူထုတို့ စုပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁)ရက်နေ့တွင် သစ်ပင်စိုက်ပျိုးခြင်း အစီအစဥ်တစ်ရပ်အား ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဘာသာရေး ခေါင်း ဆောင်များ၊ သစ်တောဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမြဲတမ်းကော်မတီများနှင့် ပြည်သူလူထုများ စုစုပေါင်း (၁၁၃ )ယောက်ခန့် တက်ရောက်ပါဝင်ခဲ့ကြသည်။
ဇူလိုင်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိသည်
"ကော်သူးလေသစ်ပင်စိုက်လ - Kawthoolei Tree Planting Month" ဖြစ်သည့်အတွက် နောင်လာမည့်နှစ်များတွင် ကော်သူးလေဒေသ၌ သစ်တောများ ထပ်မံမပြုန်းတီး၊ စိမ်းလန်းစိုပြေစေဖို့ရန် အတွက် “သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တော နှင့်အတူတည်ဆောက်မည်” ဟူသည့် ခေါင်းစဉ်ဖြင့် ကျွန်းပင်၊ ပျဥ်းကတိုးပင်၊ သင်္ကန်းပင်၊ ပိတောက်ပင်၊ အင်ပင် များ စုစုပေါင်း ပင်အရေအတွက် (၆၀၁၀)ပင်အား ယနေ့ ဝင်းရေးမြို့နယ် ထီးဖထောဂွင်တွင် စိုက်ပျိုးခဲ့ကြသည်။
သစ်တောများမှ မြေဆီလွှာ၊ ရေအရင်းမြစ်၊ ဒေသအတွင်း ရာသီဥတု၊ တောရိုင်းတိရိစ္ဆာန်၊ ဇီဝမျိုးစုံမျိုးကွဲ များ၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ တို့ကို ကာကွယ်ပေးသည့်အပြင် အစားအစာ၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများကို သစ်တောမှရရှိကြသည်။