စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကော်သူးလေယူနီကုဒ် (Kawthoolei Unicode) တရားဝင်အသုံးပြုခြင်း မိတ်ဆက်ခြင်း အစီစဥ်ပြုလုပ်ပြီးစီး

ဇူလှိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ-ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကော်သူးလေယူနီကုဒ် (Kawthoolei Unicode) မိတ်ဆက်ခြင်း အစီစဥ်အား ဇူလှိုင်လ ၁၀ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဦးဆောင်ပြီး ကရင်စာပေနှင့်ဘာသာစကားကို ဌာနဆိုင်ရာများ၊ ကရင်လူထုအဖွဲ့အစည်းများနှင့် ကမ္ဘာ့အနံ့တွင်ရောက်ရှိနေသော ကရင်အမျိုးသားများ အားလုံးအတွက် ကွန်ပျူတာများနှင့် မိုဘိုင်း(လ်)ဖုန်းများတွင် စာစီစာရိုက်ရာတွင် တစ်သမတ်တည်းဖြစ်သော စံစနစ်ရှိစေရန်နှင့် အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် ကရင်စာပေနှင့် ဘာသာစကားကို အလွယ်တကူ အသုံးပြုဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ကော်သူးလေယူနီကုဒ်အား ကေအဲန်ယူ အိုင်တီ (IT) နည်းပညာအဖွဲ့က တီထွင်အကောင်ထည်ဖော်ဆောင်ကာ ယနေ့တွင် စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။
ဉာဏ်ရည်တု (Artificial Intelligence) ဖြင့်အချက်အလက်ပိုင်းဆိုင်ရာ အသုံးပြုခြင်း၊ အင်တာနက်တွင် အချက်အလက်ရှာဖွေခြင်းနှင့် ဘာသာပြန်ခြင်းတို့ကို အင်တာနက် စာမျက်နှာများတွင် ကရင်ဘာသာ စကားဖြင့် အနာဂါတ်တွင် အသုံးပြုနိုင်ရန် ဤကော်သူးလေ ယူနီကုဒ်ကို တည်ဆောက်ရခြင်းဖြစ်သည်။ ယခုကွန်ပျူတာ နည်းစနစ်ခေတ်အရ ကရင်စာပေကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ရန်နှင့် တစ်ဆင့်မြှင့်တင်နိုင်ရန် ကေအဲန်ယူမှ လက်ရှိတွင် တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ပို၍တိုးတက်ကောင်းမွန်လာအောင်လည်း ဆက်လက်လုပ်ဆောင်သွားရန်ရှိပါသည်။
လက်ရှိတွင် ကော်သူးလေယူနီကုဒ်ကို စကောကရင်ဘာသာတစ်ခုတည်းသာ အသုံးပြုနိုင်သေးမည် ဖြစ်ပြီး ပိုးကရင်ဘာသာစကားများဖြစ်သည့် အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်ဘာသာစကား တို့ကိုလည်း နောင်တွင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားပါသည်။
ကော်သူးလေယူနီကုဒ်နှင့်ပတ်သက်ပြီး အချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ လင့်ခ် (Link) တွင်သွားရောက်ဖတ်ရှုနိုင်သည်။ စာစီစာရိုက်လေ့ကျင့်ခန်း (Typing Tutors) တို့ကိုအသုံးပြုရန်နှင့် ကော်သူးလေ ဖောင့် (font)၊ ကီးဘုတ် (Keyboard)၊ ကွန်ဗာတာ (Converter) တို့ကို ဒေါင်းလုတ် (Download) ဆွဲလိုပါက အောက်ဖေါ်ပြပါလင့်(ခ်) (Link) တွင် အခမဲ့ဝင်ရောက်ဒေါင်းလုတ်ဆွဲ နိုင်ပါသည်။
ကော်သူးလေယူနီကုဒ် (Kawthoolei Unicode) လင့်(ခ်) –