စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၇၇)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့

ကရင်အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကရင်အမျိုးသားများအား ကရင်ပြည် မပေးနိုင်ဟု ဖဆပလအစိုးရက သဘောထားရှိသည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသား များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကြိုးပမ်းမှုမှာ တနေ့မှာ လက်နက်ကိုင်လမ်းစဉ်သို့ ရောက်လာနိုင်သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအား ရန်ကုန်မြို့ရှိ ဆရာဝိတူကျောင်းဝန်းအတွင်းမှာ ပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အား ၁၉၄၇ခုနှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ မန်းဘဇန်အား ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)အား ဦးဆောင်ဖွဲ့စည်းရန်တာဝန်ပေးခဲ့သည်။
မန်းဘဇန်မှ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အား ကရင်အမျိုးသားများနေထိုင်ရာ ဒေသအသီးသီးမှာ ဖွဲ့စည်းခဲ့သည်။
(၁) တောင်ငူနယ် (ဗိုလ်မီးဒရယ်)
(၂) ညောင်လေးပင်နယ် (ဗိုလ်အောင်စိန်)
(၃) သထုံနှင့်ဖားအံ ( ဗိုလ်မောင်ညွန့်)
(၄) မော်လမြိုင်နှင့်ကျိုက်ခမီ (ဗိုလ်တကဲ့)
(၅) မြိတ်-ထားဝယ် (ဗိုလ်နယ်လ်ဆင်ကဲ)
(၆) ကရင်အမျိုးသားများနေထိုင်ရာ ရှမ်းပြည်နယ်အထက်ပိုင်း (ဗိုလ်ဝီးဒါ)
(၇) ကရင်နီ (ဗိုလ်ထောပလို)
(၈) မြစ်ဝကျွန်းပေါ်နှင့် အင်းစိန် (စကောမောလေး)
(၉) သာယာဝတီ (ဗိုလ်ပန်းကိုင်)
(၁၀) ဟံသာဝတီ (ဗိုလ်တိုး)
(၁၁) ဟင်္သာတ (ဗိုလ်ဆောက်)
(၁၂) မအူပင် (ဗိုလ်ထွန်းလှအောင်)
(၁၃) ပုသိမ်( ဗိုလ်သာဆန်း)
(၁၄) မြောင်းမြ (ဗိုလ် စောဘကျော်)
(၁၅) ဖျာပုံ (ဗိုလ်အေးမောင်) စသည့် ခေါင်းဆောင်များသည် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အား ပထမဆုံး ဦးဆောင်ကြသူများဖြစ်သည်။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)အား ဖွဲ့စည်းရ ခြင်း၏ အဓိကရည်ရွယ်ချက်မှာ
(၁) ကရင်အမျိုးသားများလွတ်မြောက်ရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကြိုးပမ်းမှုမှာ တနေ့တချိန်မှာ လက်နက်ကိုင်တိုက်ပွဲအသွင်သို့ရောက်ရှိလာနိုင်သည့်အတွက် စစ်ဖက်ဆိုင်ရာအတွက် ကြိုတင် ပြင်ဆင်ခြင်း။
(၂) ကရင်အမျိုးသားများအသက်အား ကာကွယ်စောင့်ရှောက်ပြီး လုံခြုံမှုရရှိစေရန်။
(၃) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် တော်လှန်ရေး၏ ကျောရိုးဖြစ်စေပြီး ကေအဲန်ယူ-ကရင်အမျိုး သား အစည်းအရုံး၏ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရန် တို့ဖြစ်ပါသည်။
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) သည် အင်အားကြီးမားသည့်အတွက် ဖဆပလအစိုးရအတွက် စိုးရိမ် စရာဖြစ်သည်ဟု မြင်သည့်အတွက် ဦးနုမှ အထူးတပ်ရင်း(၂၅)ရင်း အား ၁၉၄၈ ခုနှစ်တွင် လျို့ဝှက်စွာ ဖွဲ့စည်း ခဲ့သည်။ ကရင်အမျိုးသားများအားပျောက်ကွယ်သွားစေရန် ဖဆပလမှ အစီအမံရှိသည့်အတွက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဌာနချုပ်တည်ရှိရာ ရန်ကုန်မြို့၊ စမ်းချောင်းနှင့် သူဌေးကုန်း စသည့်နေရာများအား ဖဆပလ၏တပ်များမှ တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ မနက်အချိန်၌ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) သည် မတရား အသင်းဖြစ် သည်ဟု ကြေညာခဲ့ပြီး အင်းစိန်ရှိ KNDO ဌာနချုပ်တည်ရှိရာ နေရာအား တိုက်ခိုက်ခဲ့သည်။ ဖဆပလ အစိုးရတပ်ဖွဲ့များ အား ညီညီညွတ်ညွတ် တိုက်ခိုက်ရန် ဒေသအသီးသီးရှိ KNDO အဖွဲ့များထံသို့ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) မှ အမိန့်ပေးခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ၏ လက်နက်ကိုင်တော်လှန်ရေးကြိုးပမ်းမှုကာလအတွင်းမှာ ကရင်အမျိုးသား များ ကရင်ပြည်လွတ်လပ်ရေးရရှိစေရန်အတွက် ဒုက္ခများစွာနှင့် အသက်ပေးဆပ်လျက် ယခုအချိန်အထိ ခိုင်မာစွာရပ်တည်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ (၁၆) ရက်နေ့သည် ကရင်အမျိုးသားကာ ကွယ်ရေးတပ်(KNDO)၏ တော်လှန်ရေးကြိုးပမ်းဆောင်ရွက်မှု (၇၇)နှစ်ပြည့်မြောက်သော နေ့ဖြစ်သည်။

ယခုအချိန်မှာ ကရင်အမျိုးသားကာကွယ်ရေး(KNDO) ၌ တပ်ရင်း (၈)ရင်းရှိပြီး အာဏာသိမ်းစစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) လှုပ်ရှား နယ်မြေ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆)လတာကာလအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ထိတွေ့ တိုက်ပွဲ စုစုပေါင်း (၆၇၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၇၇) ယောက်သေဆုံးပြီး (၁၃၃) ယောက်ဒဏ်ရာ ရရှိခဲ့သည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)မှ တပ်ဖွဲ့ဝင် (၂၃)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ရပြီး (၃၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။