စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် အနှံအပြားတွင် (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ဂုဏ်ပြု ကျင်းပ ပြုလုပ်ခဲ့ကြ

ဩဂုတ်လ (၁၃) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၌ ခရိုင်၊ မြို့နယ်များ၊ တပ်ရင်းများနှင့် ကျေးရွာများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့ကြသည်။
ခလယ်လွီထူခရိုင် ဌာနချုပ်၌ ကျင်းပသော ကရင့်အာဇာနည်နေ့အခမ်းအနားတွင် သဘာပတိအဖြစ် ခရိုင် ဥက္ကဌ ပဒိုစောအယ်ကလူသိန်း၊ အခမ်းအနားမှူးအဖြစ် ပဒိုစောလာဖိုး၊ ခရိုင်ကိုယ်စား အားပေးစကား ပြောကြားသူ တွဲဖက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်း၊ ခရိုင်ဥက္ကဌဟောင်း ပဒိုစောထူးဖော၊ ကရင် အမျိုးသားရဲတပ်ဖွဲ့နှင့် လူငယ်များအသီးသီး ခရိုင်လူငယ်အသီးသီးတို့မှ သဝဏ်လွှာများဖတ်ကြခြင်းနှင့် အသီးသီးတာဝန်ယူခဲ့ကြသည်။
အခမ်းအနားအတွင်း ကရင်အမျိုးသားအလံတော်၊ ကျဆုံးလေပီးသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများကို အလေးပြုခြင်း၊ ဟောပြောခြင်းနှင့် ခလယ်လွီထူခရိုင် ကရင်အမျိုးသမီးအစည်းအရုံးမှ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ကြသော ရဲဘော်များမှ ကျန်ရစ်သော ဇနီးသည်များသည် မိခင်/ဖခင်တာဝန်(၂)ခုလုံးကို တာဝန်ယူရပြီး မိသားစုအတွက် ကြံ့ကြံ့ခိုင် ရပ်တည်ရသော မိခင်များကို ဂုဏ်ပြုခြင်းအစီအစဉ်ကို ကျင်းပကြသည်။
လယ်ဒိုမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း(၉)၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၃)နှင့် ကျေးရွာအုပ်စုများ စုစုပေါင်း(၆)နေရာမှ (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ကျင်းပကြပြီး လယ်ဒိုမြို့နယ်၌ အာဇာနည်နေ့တွင် အစာရှောင်ဝတ်ပြု ဆုတောင်းခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။
KNLAတပ်ရင်း(၉)မှ အခမ်းအနားကို တပ်ရင်း(၉)သုသာန်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေးခဲ့ကြသော ရဲဘော်များ၏ အုတ်ဂူတွင် စစ်ရေးအခမ်းအနားနှင့် လွမ်းသူ့ပန်းခွေများချခြင်းဖြင့် ဂုဏ်ပြု ကျင်းပကြပြီး KNDO တပ်ရင်း(၃)မှ အခမ်းအနားကို ကရင်အမျိုးသားအလံတော်၊ ကျဆုံး လေပြီသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများကို အလေးပြုခြင်း၊ ဟောပြောခြင်းနှင့် တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးခဲ့ကြသော တပ်ရင်း(၃) ရဲဘော်များ၏ ကျန်ရစ်သောဇနီးသည်များကို ဂုဏ်ပြုခြင်း အစီ အစဉ်ဖြင့် ဂုဏ်ပြုကျင်းပကြသည်။ ကျန်ကျေးရွာအုပ်များမှ ဟောပြောခြင်းအစီအစဉ်နှင့် ကျင်းပကြသည်။
မူးမြို့နယ်တွင် မောခိုကျေးရွာအုပ်စုနှင့် STBအဖွဲ့မှ ကညော်တေးကျေးရွာ၊ ဆောထိကော်ဆာတွင် ကော်ဆာ၊ မဲ့ကတီကျေးရွာအုပ်စု၊ ထီးခေးလော်ကျေးရွာအုပ်စု၊ ကိုကာကျေးရွာနှင့် အခြားကျန်ရှိသည့် ကျေးရွာ များလည်း ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုကျင်းပကြပြီး အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်၊ ကျဆုံးလေပြီသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများကို အလေးပြုခြင်းနှင့် ဟောပြောခြင်း အစီအစဉ်ဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြပြီး မူးမြို့နယ်တွင် အခမ်းအနားကျင်းပအပြီး၌ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။