Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” − စစ်ကောင်စီ၏ ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်


၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေငြာထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်းများစွာကို (၁၁၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့သည်။
လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို (၆၃) ကြိမ် ပြုလုပ် ခဲ့ပြီး ထိုလေကြောင်းတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁၄) ဦး နှင့် ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါး နှင့် အရပ်သား (၃၄) ဦး ထိခိုက်ဒဏ်ရာရ၍ ဘုန်းကြီးကျောင်း (၅) ကျောင်း နှင့် နေအိမ် (၇) လုံး ထိခိုက်ပျက်စီး ခဲ့ရသည်။
စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၄၃) ကြိမ်ပြုလုပ်ခဲ့ပြီး ထိုလက်နက်ကြီးပစ်ခတ်မှု များကြောင့် အပြစ်မဲ့ အရပ်သား (၁၈) ဦးထိခိုက်ဒဏ်ရာရ၍ (၅) ဦး သေဆုံးကာ နေအိမ် (၁၆) လုံး ထိခိုက် ပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်မှ ပြည်သူ လူထု၏ နေအိမ် များအား မီးရှို့ခြင်း (၁) ကြိမ် ပြုလုပ်ခဲ့ပြီး ထိုမီးရှို့ ဖျက်ဆီးမှု ကြောင့် နေအိမ် (၄) လုံး နှင့် ဘုရားကျောင်း (၁) ကျောင်းမီးလောင် ပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်မှအပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦးကို အကြောင်းမဲ့ ဖမ်ဆီးခြင်း လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ထောင်ထားသော မိုင်းနင်းမိကာ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အပစ်အခတ်ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သော် လည်း ယင်းထုတ်ပြန်ချက်မှာ နိုင်ငံတကာအဖွဲ့အစည်းများထံမှ “လူသားချင်းစာနာထောက်ထားမှု အကူအညီ များ” အား ၎င်းထံသို့ စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး လက်တွေ့တွင် ၎င်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ် ထားနိုင် သည့် မြို့ရွာများရှိ ပြည်သူလူထုများအား အဓိကပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကြေငြာသော အပစ်ခတ်ရပ်စဲရေးကြေငြာချက်နှင့် ၎င်းတို့၏ လက်တွေ့ လုပ်ရပ်များမှာ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သကဲ့သို့သာ ဖြစ်နေပြီး ပြည်သူလူထုများအနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရသောကြောင့် မိမိတို့အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် ကာကွယ်ရေး အစီအမံများအား အဆက်မပြတ်လုပ်ဆောင်နေရမြဲဖြစ်သည်။