၂၀၂၃
ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်သော (၇၄)
နှစ်မြောက်ကော်သူးလေတပ်မတော်နေ့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇) ဌာနချုပ်တွင်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး(ဗဟို)မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များ၊
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ထိပ်ပိုင်းခေါင်း ဆောင် များ၊
မဟာမိတ် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထုစုစုပေါင်း
(၄၀၀)ဦးကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။ (၇၄) နှစ်မြောက်
ကော်သူးလေတပ်မတော်နေ့ အခမ်းအနားနေ့အစီအစဥ်တွင် အခမ်းအနားမှူးအဖြစ် ပဒို
နော်ရှီးဝါး နှင့် ဆရာမ နော်အယ်ဖေါဝါးတို့မှ ဦးဆောင် ခဲ့ပါသည်။
အခမ်းအနား
အစီအစဥ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၄) ၏
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမိုးဇက်မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော်
နှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့်
တိုင်းသူပြည်သားများကို အလေးပြုခဲ့ပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၏
တွဲဘက်အထွေထွေအတွင်းရင်းမှူး−(၂) ပဒိုစောလှထွန်းမှ အခမ်းအနား အဖွင့်အမှာ
စကားကို ပြောကြား ခဲ့ပါသည်။
ထို့နောက်
(၇၄) နှစ်မြောက်ကော်သူးလေတပ်မတော်နေ့သို့ ကေအဲန်ယူ−ကရင်အမျိုးသား
အစည်းအရုံး၏ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းမှ ပေးပို့သော သဝဏ်လွှာကို ဆရာမ
နော်အယ်နီအောင်မှ ဖတ်ကြားပြီး ပဒို စောကလယ်စေး
(ကေအဲန်ယူ-ပြောရေးဆိုခွင့်ရှိသူ) မှ ကော်သူးလေ တပ်မတော်နေ့ ဖြစ် ပေါ်လာပုံ
အကြောင်းကို ပြောကြားခဲ့ပါသည်။
ထိုမှတဖန်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယ ဥက္ကဌ ပဒိုစောဆဲဂေ၊ ဗိုလ်ချုပ်
မန်းရှာထုဝေါ် ကရင်အမျိုးသားလွတ်မြောက်ရေး တက်မတော် (K.N.L.A) နှင့် ပဒို
စောသမိန်ထွန်း (ကေအဲန်ယူ- ဗဟိုကော်မတီဝင် ) မှ
ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ကြပါသည်။
ထို့အပြင်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)
အထူးတပ်ဖွဲ့မှစစ်သည်တော်များ၊ မျိုးဆက်သစ်ကျောင်း (N.G.L.P) မှ ကျောင်းသား
ကျောင်းသူများ နှင့် ဆရာဆရာမများမှ ဂုဏ်ပြုတေးသီချင်း အသီးသီး
သီဆိုဂုဏ်ပြုခဲ့ကြပြီး ဗိုလ်မှူးချုပ် စောဖေါဒိုမှ (၇၄) နှစ်မြောက်
ကော်သူးလေ တပ်မတော်နေ့သို့ တက်ရောက်လာသော
သူများကိုကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအစီီအစဥ်ကို
ကရင်အမျိုးသားသီချင်း သီဆိုခြင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။