Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ခလယ်လွီထူခရိုင်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုအခြပြု အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့

အောက်တိုဘာလ (၃၀) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ခလယ်လွီထူခရိုင်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာ(၇)က်နေ့ မှ (၁၁) ရက်နေ့အထိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူထုအခြပြုအမှိုက်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းမှ ရက်တိုသင်တန်းအား လာရောက် ပို့ချ ပေးပြီး ကျေးရွာအတွင်း (၁၆) ရက်နေ့ မှ (၂၈)ရက်နေ့အထိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် လူထု အခြပြု အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ကွင်းဆင်း လုပ်ဆောင်ခြင်းများ ပြုလုပ် ခဲ့သည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူထုအမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဟောပြောခြင်းနှင့် လက်တွေ့ကွင်းဆင်းလုပ်ဆောင်ခြင်းကို Wisdom ကျောင်းမှဦးဆောင်၍ မြိုနယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ခံ၊ KYO၊ KWO ၊ Wisdom ကျောင်းသူ /သားများနှင့် ရွာပေါင်း (၅)ရွာ ရှိ ပြည်သူလူထု စုစုပေါင်း (၁၂၁) ဦး ခန့်ပူပေါင်းပါဝင်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုအခြေပြု အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ကွင်းဆင်း လုပ်ဆောင်ခြင်းကို လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည်။
သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကျေးရွာအတွင်းသာယာလှပစေရန်အတွက် ပလက်စတစ် အမှိုက်များ စီမံခန့်ခွဲတတ်စေရန်၊ တစ်ခါသုံးပလပ်စတစ် အသုံးပြုမှုကိုလျှော့ချရန်၊ ပလက်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအား အသိအမြင်ပွင့်လင်းလာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး နှင့် အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပြည်သူလူထုများပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ဤသင်တန်း အားပြုလုပ်ခဲ့ရခြင်းဖြစ်သည်။