Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ခလယ်လွီထူခရိုင်အတွင်း ခရိုင်တာဝန်ရှိသူများနှင့် ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP)တို့မှ ဒုက္ခရောက်ပြည်သူလူထုများထံသို့ သွားရောက်ထောက်ပံ့ကူညီ။

၂၀၂၄ ခုနှစ်၊အောက်တိုဘာလ (၂၃) ရက်၊ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ခလယ်လွီထူခရိုင်တွင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP)မှ ဗဟို၊ခရိုင်တာဝန်ရှိသူများနှင့်ပူပေါင်းပြီး ၂၀၂၄ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့တွင် မြို့နယ်(၃)ခုအတွင်း ကျေးရွာပေါင်း (၂၉)ရွာ ရှိ အိမ်ခြေ (၃,၀၉၃)လုံး မှ စုစုပေါင်းလူဦးရေ(၁၆,၁၁၂)ဦးအား မြန်မာငွေ (၇၅၉,၉၆၄,၀၀၀)ကျပ် သွား ရောက် ကူညီထောက်ပံ့ ခဲ့သည်။
အဆိုပါ မြို့နယ်(၃)ခုအတွင်း ပြီးခဲ့သည့်စက်တင်ဘာလမှယနေ့အချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များရင်ဆိုင်ကြိုတွေ့နေရခြင်းတို့ကြောင့်စားဝတ်နေရေးအကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ကြိုတွေ့နေရသည်။