မတ်လ (၂၇)ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်။
ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ရှိ ပြည်သူလူထုများမှ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြရန်
ရဲနှင့်စစ်တပ်များမှ သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းဖြင့်
ဖြိုခွင်းခံခဲ့ရသည်။ ဆန္ဒပြပြည်သူများမှ ယခုလို ဖြိုခွင်းမှုကြောင့် အုပ်စုကွဲကာ ထွက်ပြေးတိမ်းရှောင်ရပြီး
အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့် အစီအစဉ် မအောင်မြင်ခဲ့ပေ။
ယခုလို လိုက်လံဖမ်းဆီးခြင်းကြောင့် ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်တွင် နေထိုင်သည့် ဆန္ဒပြလူငယ်(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရှိရသည်။
ယခုလို သေနတ်များပစ်ခတ် ခြိမ်းခြောက်ခြင်းကြောင့် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကျေးရွာသူရွာသားများမှ နေရပ်ကို စွန့်ခွာပြီး တောထဲတွင် ထွက်ပြေးတိမ်းရှောင်ရသည်။
ဖမ်းဆီးခံရသည့် လူငယ်(၃)ဦးအမည်နှင့် ထွက်ပြေးတိမ်းရှောင်ရသည့် နေအိမ်များနှင့် လူဦးရေ စာရင်းကို အတိအကျ မရရှိသေးပါ။