၂၀၂၁၊ မတ်လ ၉ ရက်၊ သထုံခရိုင်
ကေအဲန်ယူ-ကရင်အမျိုးသား
အစည်းအရုံး၊ သထုံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)
တပ်မဟာ (၁) မှ ၎င်းတို့ခရိုင်အတွင်းတပ်စွဲထားသော မြန်မာအာဏာသိမ်း တပ်မတော်
(ခလရ-၂၀၄ တပ်ရင်း နှင့် ခလရ-၂၀၅ တပ်ရင်း) များအား နံနက် ၅း၀၀
အချိန်တွင်လည်းကောင်း၊ (ခမရ-၁၁၈ တပ်ရင်း) အားနံနက် ၇း၀၀
နာရီခန့်တွင်လည်းကောင်း၊ လေ့ကျင့်ရေး (၉) အလံတစ်ရာ) အား ၇း၄၅
မိနစ်တွင်လည်းကောင်း၊ (မြန်မာ့အာဏာသိမ်း တပ်မတော် တပ်မ ၄၄ ဌာနချုပ်အနီးမှ
အမြှောက် တပ်ရင်း) အား နံနက် ၇း၀၀ နာရီခန့်တွင်လည်းကောင်း လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထို့နောက်နံနက်
၁၁:၁၅ မိနစ်အချိန်တွင်မြန်မာ အာဏာသိမ်းတပ်မတော်မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊
ညောင်ကုန်းရွာသစ်ရှိ KNLA-တပ်ရင်း (၁)၊ တပ်ခွဲ (၁) အား ဝင်ရောက်
တိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်ကြရာ အာဏာသိမ်းစစ်တပ်မှ (၃)
ဦးကျဆုံးခဲ့ပြီး KNLA မှ ထိခိုက်မှုမရှိသော်လည်း
တပ်ခွဲစခန်းအားစွန့်လွှတ်ခဲ့ရပြီး အာဏာသိမ်းတပ်မတော် အမြှောက်တပ်ရင်း
မှလည်း (၂) ဦးကျဆုံးခဲ့၍ ယနေ့တွင် အာဏာသိမ်းတပ်မတော်မှ စုစုပေါင်း (၅)
ကျဆုံးခဲ့သည်။
ကေအဲန်ယူ-သထုံခရိုင်၊ KNLA-တပ်မဟာ (၁)
အနေဖြင့်လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၍ CDM တွင်ပါဝင်လာသော
ပြည်တွင်းမှ ပြည်သူများကို လုံခြုံရေးအတွက် မိမိတို့နယ်မြေ
တွင်ခိုလှုံခွင့် ပေးထားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုက်နေကြသော
ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ဆက်လက်ပြုလုပ်လာပါက
ကေအဲန်ယူ-တပ်မဟာ (၁) အနေဖြင့် မြန်မာ့တပ်မတော်၏ အာဏာသိမ်း ယူမှုအား
ဆန့်ကျင်၍ ပြည်သူလူထုအတွက် နည်းလမ်းရှာကာ ရပ်တည်ရင်း ကာကွယ်စောင့်ရှောက်
သွားမည်ဟု သိရသည်။