၂၀၂၀
ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်, တပ္မဟာ ၃ မွ ဒေသခံပြည်သူလူထုများသည်
စုရုံးပြီး မြန်မာစစ်တပ်၏ အပြစ်မ့ဲပြည်သူအား မတရားသတ်ဖြတ်မှုကို မခံမရပ်နိုင်ဖြစ်၍
ကြွေးကြော်သံများနှင့်အတူ ဆန္ဒဖော်ထုတ်မှုပြုခ့ဲကြပါသည်။
၎င်းတို့၏ ကြွေးကြော်သံများမှာ -
( ၁ ) နော်မူးနော် နှင့်
အျခားသူမ်ားကို သတ်ဖြတ်မှုများ
( ပွင့်လင်းမြင်သာစွာ
အရေးယူပေး )
( ၂ ) တိုင်းရင်းသားဒေသအတွင်း
ထိုးစစ်ဆင်ခြင်း နှင့် သတ်ဖြတ်ခြင်းများ
( ချက်ချင်းရပ် )
( ၃ ) မြန်မာအစိုးရ
စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ
( ချက်ချင်းအရေးယူဆောင်ရွက်ပေး
)
( ၄ )
စိုးရိမ်မှုကင်းမ့ဲသော လူမှုဘဝ ရပ်တည်နိုင်ဘို့
( အစိုးရရဲ့ ကတိကဝတ်များ
ချက်ချင်းအကောင်အထည်ဖော်ပြ)
( ၅ ) ပြည်သူဘဝ
လုံခြုံမှုရရှိဘို့
( မြန်မာတပ်မတော်များ
ဒေသအတွင်းထွက်သွားပေး )
စသည့် အချက် ( ၅ ) ချက်ပါဝင်သည်။
ဤ ဆန္ဒဖော်ထုတ်ပွဲကို ညောင်လေးပင်ခရိုင်
လူမှုရေးရာအဖွဲ့အစည်းမှ ဦးဆောင်ကာ မူသယ်
နှင့် မောလေး စသည့် နေရာ ( ၂ ) နေရာ၌ ပြုလုပ်ခ့ဲပြီး ကျေးရွာ ( ၅၃ ) ရွာ မွ လူဦးရေ ( ၈၁၀ )ဦးပါဝင်ခ့ဲပါသည်။