Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

မူးမြို့နယ်ကရင်ပညာရေးနှင့်ယဉ်ကျေးမှု ဌာနမှ စာသင်နှစ် (၅) နှစ်နှင့် (၁၀)နှစ်ပြည့် ကျောင်း ဆရာ/ မများကို ချီးမြင့် ဂုဏ်ပြုခြင်းနှင့်အတူ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး မူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မေလ (၇)ရက်နေ့ တွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှဦးစီးကာ စာသင်နှစ် (၅) နှစ်နှင့် (၁၀)နှစ်ပြည့် ကျောင်း ဆရာ/ မများကို ချီးမြင့် ဂုဏ်ပြုခြင်းနှင့်အတူ နှစ်ပတ်လည်အစည်းအဝေးအားကျင်းပပြုလုပ်ခဲ့သည်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး မူးမြို့နယ် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှ ပြုလုပ်သော ဌာနနှစ်ပတ်လည်အစည်းအဝေးကို မြို့နယ် အုပ်ချုပ်ရေးနှင့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များ၊ ကျေးရွာအုပ်စု(၃၂)အုပ်စုမှလူမှုရေးတာဝန်ခံများ၊‌ကျောင်းကော်မတီများနှင့်ကျောင်းဆရာ/ မများစုစုပေါင်း လူဦးရေ( ၆၀) တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းများ၏လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ကာရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပြီး စာသင်နှစ် ( ၅)နှစ် နှင့် (၁၀)နှစ်ပြည့်တိုင်အောင် ပညာသင်ကြားပေးနေသည့် ကျောင်း ဆရာ/ မများကို ချီးမြင့် ဂုဏ်ပြုခဲ့သည်။