Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

သထုံမြိုနယ်တွင် (၉)ကြိမ်မြောက် သထုံမြို့နယ် ကရင်အမျိုးသားအစည်းအရုံးကွန်ကရက် ပြုလုပ်ပြီးစီး။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်း (၉)ကြိမ်မြောက် သထုံမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ၄ ရက်တာ ပြုလုပ်ခဲ့ပြီး ကွန်ကရက်သို့ ဒူးသထူခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင် ၊ဒုဗိုလ်မှုးကြီးဖူးအီးသနှင့် ခရိုင်ခေါင်းဆောင်(၅)ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါကွန်ကရက်တွင် သထုံမြို့နယ်အမြဲတမ်းကော်မတီဝင် (၃၁) ဦးနှင့် မြို့နယ်အလုပ်မှုဆောင်ကော်မတီ(၉)ဦးတို့ကိုရွေးချယ်တင်မြှောက်ခဲ့သည်။