Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး မှ (၁၀) ကြိမ်မြောက်မျိုးဆက်သစ်ကျောင်းဖွင့်လှစ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း (၁၀) ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း စာသင်နှစ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ဤသင်တန်းကျောင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဦးဆောင်ဖွင့်လှစ်သော ကျောင်းဖြစ်ပြီး ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ခရိုင်၊ တပ်မဟာ များ၊ စစ်ဌာနချုပ်နှင့် ဗဟိုဌာနချုပ်တို့ မှ ကိုယ်စားပြုတက်ရောက်လာသော လူငယ်ခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံး မှ ကိုယ်စားပြုတက်ရောက်လာသော လူငယ်ခေါင်းဆောင်များအား သင်တန်းအပတ်စဉ်တိုင်း၌ နိုင်ငံရေး၊ စစ်ရေး၊ ကရင့်သမိုင်း၊ ရုံးပိုင်းဆိုင်ရာအတတ်ပညာ နှင့် အခြားဘာသာရပ်များကို သင်ကြားပေး၍ အနာဂတ်လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များ သန္ဓေတည်ကာမွေးထုတ်နေလျက်ရှိသည်။
မျိုးဆက်သစ်ကျောင်းအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူး ချူပ်ဟောင်း ပဒိုမန်းရှာလားဖန်းမှ ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ်ကို ဒူးပလာယာခရိုင်၊ ဝေါလေခီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့က (၉)ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယခုအခါ (၁၀) ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း စာသင်နှစ် စတင်ခဲ့ပြီဖြစ်သည်။