Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

International Youth Day တွင် လူငယ် အာဇာနည် ရဲဘော်များအား သတိရအောက်မေ့ ဂုဏ်ပြုခြင်းနှင့် လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်၊ KYO ဗဟို၊၊
မနေ့က ဩဂုတ်လ ၁၂ ရက်နေ့မှာကျရောက်တဲ့ International Youth Day မှာ ကရင့်အမျိုးသားတော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးတစ်လျှောက် အသက်ပေးလှူခဲ့ကြတဲ့ လူငယ်အာဇာနည်များအား သတိရအောက်မေ့ဂုဏ်ပြုခြင်း အစီအစဉ်နှင့် လူငယ်နှီးနှောဖလှယ်ပွဲ တစ်ရပ်အား ကရင်လူငယ်အစည်းအရုံး-ဗဟိုတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကရင်လူငယ်အစည်းအရုံး ဗဟို၊ ခရိုင်အသီးသီး၊ မြို့နယ် လူငယ်ခေါင်းဆောင်များနှင့် အခြားသော လူငယ်အစုအဖွဲ့များဖြစ်သည့် ABSDF ၊YNS၊ ALP၊ လီဆူလူငယ်အစည်းအရုံးတို့မှ လူငယ်များ စုစုပေါင်း လူဦီးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
ဩဂုတ်လ ၁၂ ရက်နေ့သည် International Youth Day ဖြစ်ပြီး ကရင်အမျိုးသား အာဇာနည်နေ့လည်းဖြစ်၍ အထက်ပါအစီအစဉ်အား ညနေပိုင်း၊ ညပိုင်းများ၌ ပြုလုပ်ကျင်းပခဲ့ခြင်းသည်။